Announcement❗

3K 282 42
                                    

Unicode
________

Hello

မတွေ့တာတောင် ကြာပြီနော်..နေကောင်းကြမယ်လို့ မျှော်လင့်ပါတယ်...။

လုပ်သင့် မလုပ်သင့် လွန်ဆွဲခြင်းများစွာကြားကပဲ

နောက်ဆုံးတော့ အသိပေးစရာလေးရှိလို့ပါ။

အဲ့ဒါကတော့ ' Hyung?Not..'ကို စာအုပ်အဖြစ် ဖန်တီးဖို့ပါပဲ။ Yeol's Bookateria မှာ 8 လပိုင်းထွက်လာဖို့တော့ လျာထားပါတယ်။

စာရွက်ပေါ်တင်ရလောက်အောင်ထိ ပြည့်စုံတဲ့
fiction တစ်ပုဒ်မဟုတ်ပေမယ့်လည်း ကိုယ်တိုင်လည်း ကောင်လေးနှစ်ယောက်နဲ့ပတ်သက်တဲ့ အမှတ်တရလေးအဖြစ် တစ်သက်လုံးသိမ်းထားချင်လို့ ..ကိုယ့်လိုပဲသိမ်းထားချင်တဲ့သူတွေရှိရင်သိမ်းထားလို့ရအောင် ဒီလိုမျိုး ဆုံးဖြတ်လိုက်တာပါ။

သိကြတဲ့အတိုင်းပဲ အခြေအနေအချိန်အခါကလည်း မကောင်းတာမို့လို့ မထုတ်ဖို့စဥ်းစားခဲ့ပေမယ့် အခုမှမလုပ်ရင်လည်း ကျွန်တော် ဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်တော့ဘူး။ အရာအားလုံးထက် အမှတ်တရလေးဖြစ်ဖို့ပါပဲ။

ကိုယ့်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းထဲမှာ ဒီကောင်လေးနှစ်ယောက်နဲ့ ပတ်သက်ပြီး ဒီရပ်ဝန်းလေးမှာ ပျော်ခဲ့ဖူးကြောင်း မြတ်နိုးခဲ့ဖူးကြောင်း အမြဲတမ်းအမှတ်ရနေဖို့ပေါ့။

အမှန်အတိုင်းပြောရရင် ဒီရက်ပိုင်းတွေမှာ ပိုပြီး အတွေးများတယ်။ စိတ်က ဂဏှာမငြိမ် ဟိုတွေးဒီတွေး ထိလွယ်ရှလွယ်ဆိုတော့ ပိုဆိုးတယ်။ ထားပါတော့လေ...ဘာပဲဖြစ်ဖြစ် အားလုံးအဆင်ပြေပြေနဲ့ စာအုပ်လေးလက်ထဲထည့်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်။

Book Versionမှာ ကြားထဲက ထည့်မရေးလိုက်ရတဲ့အပိုင်းလေးတွေလည်းပါ,ပါလိမ့်မယ်။ အများကြီးတော့မဟုတ်ပါဘူး။ ရိုးရိုးရှင်းရှင်းပဲ စဥ်းစားထားပြီး ရိုးရိုးရှင်းရှင်းလေးပဲ ထွက်လာမို့လို့ အရမ်းတော့မျှော်လင့် မထားပါနဲ့နော်။

ပြီးတော့ ရှန်ဂရီလာကလည်း လအတော်ခြားပြီးမှထုတ်ဖို့ စီစဥ်ထားပေမယ့် အခြေအနေအရ လနည်းနည်းကပ်သွားပါတယ်။ အဲ့ဒါကြောင့်စာအုပ်တိုက်နဲ့ပြန်ညှိပြီး နောက်ကို တစ်လဆုတ်ဖို့တော့ တိုင်ပင်ထားပါတယ်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now