~ 6 ~

9.1K 785 229
                                    

Unicode
________

"သား...ဒီမှာထိုင်ပါဦး"

ဖေဖေက ညစာစား အပြီးတွင် ကျွန်တော့်ကို သူ့အခန်းထဲခေါ်ကာ စကားစမြည် ပြောဖို့ထင်သည်။သားနှစ်ယောက်နှင့် ဇနီးကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးသော ဖေဖေက သည်လိုစကားပြောဖို့အချိန်ပေးတာမျိုး ရှားပါသည်။အမြဲတမ်း အလုပ်များနေသော ဖေဖေ့ဘဝမှာ ကုမ္ပဏီနဲ့အလုပ်ဆိုတာ ခွဲလို့မရသော အရာဟုလားပင် အောက်မေ့ရသည်။ ယခုလည်း အလုပ်ကိစ္စတော့ မဟုတ်နိုင်ပါဘူးဟု တွေးထားသော ကျွန်တော့်အတွေးများအား ဖေဖေ့အသံက စတင်ဖြိုခွဲလိုက်လေသည်။

"သားကြီး လည်း ဘွဲ့ရတော့မှာဆိုတော့ မကြာခင်လုပ်ငန်းခွင်ကို ဝင်ရတော့မယ်။ အဲ့ဒါကြောင့် ဖေဖေ့ကုမ္ပဏီကို မနက်ဖြန်လိုက်ပြီး လေ့လာရမယ်"

"ဗျာ..."

ကျွန်တော့် အာမေဍိတ်အသံက အတော်ကျယ်သွားသည်။ မဖြစ်ဘူး။ ကျွန်တော်က မွေးစားသားပဲဟာ။ အဲ့ဒီလုပ်ငန်းတွေက တစ်နေ့ကျရင် ဂျောင်ကုလုပ်ရမယ့် ကိစ္စတွေ။ အရင်ကတည်းက ဂျောင်ကုက ကျွန်တော့်ကို မုန်းနေတာ။ ဒီမိသားစုရဲ့ စည်းစိမ်တွေ၊ ချမ်းသာကြွယ်ဝမှုတွေ၊ ဖေဖေနဲ့မေမေ့ရဲ့ မေတ္တာတွေကို ကျွန်တော် တစ်ယောက်တည်း အပိုင်သိမ်းမယ်ထင်ပြီး ဂျောင်ကုက အမြဲတမ်းစိုးရိမ်နေခဲ့တာ။
သူ ကျွန်တော့်ကို အထင်လွဲသွားလိမ့်မယ် ဖေဖေရယ်။

"ကျွန်တော်...."

ကျွန်တော် ရှေ့ဆက်ပြီး မပြောတတ်တော့။ ကျွန်တော် ငြင်းလိုက်လျှင် ဖေဖေ့စိတ်ထဲ အသုံးမကျတဲ့သား ဟုလည်း ထင်မှာစိုးသည်။

"ကဲ....ဒါဆို သားသွားလို့ရပြီ။ မနက်ဖြန် ဖေဖေနဲ့အတူ သွားကြတာပေါ့"

ဖေဖေက တစ်ချက်လွှတ်အမိန့်ကို ဆိုသည်။ မေမေ့ကိုသာ ဂဂျီဂဂျောင်လုပ်ရဲပေမယ့် ဖေဖေ့ကိုကျတော့ ကျွန်တော်ကြောက်သည်။ထို့ကြောင့် ဘာမှထပ်ပြီး မထွန့်မတက်တော့ဘဲ ပါးစပ်ပိတ်ပြီးတော့သာ ငြိမ်နေလိုက်တော့သည်။ မနက်ဖြန်ကျမှပဲ မီးစင်ကြည့်ပြီး ကကြတာပေါ့။

ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ အိမ်နောက်က kitchen room ထဲလျှောက်လာပြီး ထမင်းစားပွဲမှာ ခေါင်းငိုက်စိုက်ချကာ ထိုင်နေမိသည်။ ကျွန်တော့်ဆန္ဒက ဘွဲ့ရလျှင် တခြား အလုပ်တစ်ခုခုရှာချင်သည်။ဖြစ်နိုင်လျှင် ဖေဖေ့ကုမ္ပဏီမှာ မလုပ်ချင်။ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် အမွေဆက်ခံဖို့ကိစ္စတွေက ဂျောင်ကုနဲ့ငြိလာမှာ ကျွန်တော်ကြောက်သည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now