~ 11 ~

10.1K 818 449
                                    

Unicode
_________

္"ခင်ဗျားက ချော့ပြောနေရင် မရဘူးပဲ ဂျွန်ဆော့ဂျင်"

သူက ကျွန်တော့်တစ်ကိုယ်လုံးကို ကောက်ပွေ့လိုက်တာများ ငှက်မွှေးလေးတစ်ချောင်းကို ကောက်ယူလိုက်သလိုမျိုး။ ဒီကောင့်ဗလနဲ့ ယှဥ်ပြီး ကျွန်တော် မရုန်းနိုင်ပါ။ ခြေထောက်နှစ်ဖက်လုံး အောက်ခြေကြမ်းပြင်နှင့် ကွာဟသွားပြီး သူ့ရင်ခွင်ထဲ လုံးတွင်းလျားတွင်း ရောက်ရှိသွားရသည်။

"ဟင့်အင်း..အောက်ကို ချပေး"

သူ့ရင်ဘတ်ကို လက်သီးနဲ့ ထိုးလည်းမရ။ ကော့ကန်ထိုးပြီး ဆင်းပြေးလို့လည်းမရဘဲ ကြာတော့ ရေညှစ်ခံထားရသည့် အဝတ်စလေးလို ခြေကုန်လက်ပမ်းကျချင်လာသည်။သို့တိုင်အောင် ကျွန်တော် လက်မလျှော့သေး။ အပေါ်ထပ်တွင် မေမေနဲ့ဖေဖေရှိသည်။ အောက်ထပ်တွင် ထမင်းချက်အဒေါ်ကြီးနဲ့ အိမ်အကူကောင်မလေးရှိသည်လေ။ သူရူးနေပြီလား။ ဘယ်သူ့ကိုမှဂရုမစိုက်တော့တာလား။

"မေမေတို့ မြင်သွားလိမ့်မယ်။ ငါ့ကို ချပေးပါ ဂျောင်ကုရယ်"

ကျွန်တော့်အသံတွေ အမှန်တကယ် တုန်နေပြီဖြစ်သည်။ ခြေဖျားလက်ဖျားတွေထဲက ကျဥ်တက်လာပြီး တစ်ကိုယ်လုံးအားမရှိတော့သလို ေပျာ့ခွေချင်လာပြီ။

"ဟယ်...ဟိုမှာ အစ်ကိုလေးတို့ ညီအစ်ကို ဘာဖြစ်ကြတာလဲ"

ထိုစကားသံကြောင့် ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ လှေကားခြေရင်းကို မကြည့်ရဲ,ကြည့်ရဲဖြင့် တစ်ချက်လှမ်းကြည့်လိုက်တော့ ထမင်းချက်အဒေါ်ကြီးက ကျွန်တော်တို့နှစ်ယောက်ကို တအံ့တသြမော့ကြည့်နေသည်။

"ဂျောင်ကု.."

ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ သူ့နာမည်ကိုခပ်ဆတ်ဆတ် အော်လိုက်ပေမယ့် သူက ခြေလှမ်းတွေကိုကား မရပ်။ နောက်ဆုံး ဘယ်သူ့ကိုမှ မျက်နှာချင်းမဆိုင်ရဲလောက်အောင် ရှက်ရသူက ကျွန်တော်ပဲဖြစ်ကာ မျက်နှာတစ်ခုလုံးလည်း ပူထူသွားရသည်။ကျွန်​ေတာ် ပုန်းကွယ်ဖို့ တစ်ခုတည်းသော နေရာက သူ့ရင်ခွင်ကျယ်ပဲ ရှိတာကြောင့် သူ့အကျီရင်ဘတ်စကို ဆွဲဆုတ်ပြီး မျက်နှာဝှက်ထားလိုက်ရတော့၏။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now