~ 10 ~

9K 811 160
                                    

Unicode
________

သူ့ နံဘေးတွင် ယှဥ်ရပ်နေသော မိန်းကလေးသည် သူ့လိုပင် အထက်တန်းကျောင်းသူ တစ်ဦး ဖြစ်ပါလိမ့်မည်။ ဂုတ်ထောက်သာသာ ဆံပင်ကို ေရွှအိုရောင် ဆိုးထားပြီး ပေါင်လည်ထိရောက်သော စကပ်အတို၊ ခပ်သေးသေးကြိုးမျှင် တစ်ချောင်းသာပါသည့် အကျီအဖြူရောင်ပေါ်တွင် အဝါရောင်ကုတ် တစ်ထည် ထပ်ဝတ်ထားသော သူ(မ)သည် နုနယ်သော မျက်နှာကလေးနှင့် အတော်ချစ်စရာကောင်းသည်။

ထိုကောင်မလေး၏ လက်တစ်ဖက်က ဂျောင်ကုလက်မောင်းတစ်ဖက်ကို ချိတ်တွယ် ခိုမှီထားသောကြောင့် ကျွန်တော့် ရင်ထဲ ဘာကြောင့်မှန်းမသိ အောင့်သက်သက် ဝေဒနာတစ်ရပ်က ချက်ချင်းဆောင့်တက်လာသည်။

"သားကြီး..ဒီမှာ မင်း ညီလေး ပြန်ရောက်နေပြီလေ"

မေမေက ဝမ်းသာအားရဖြင့် ကျွန်တော့်ကို ခေါ်သည်။အင်းလေ..မေမေက ဘယ်သိပါ့မလဲ။ သူ့စိတ်ထဲတော့ သူ့သားငယ် ပြန်ရောက်လာလို့ ဝမ်းသာနေမှာပေါ့။

ကျွန်တော် မျက်နှာကို ဟန်မပျက်အောင် ထိန်းလိုက်ရင်း မေမေ့ကို ပြုံးပြလိုက်ကာ သူတို့ရှိရာသို့ ခြေလှမ်း ခပ်မှန်မှန်ဖြင့် လျှောက်လာခဲ့သည်။

သူ့မျက်နှာကို ကျွန်တော်ကြည့်ချင်သည်။ မတွေ့ခဲ့ရတဲ့ နေ့တွေအတွက် အလွမ်းတွေကို အတိုးချပြီး သူ့မျက်နှာကို ကြည့်ချင်သည်။ နေကောင်းရဲ့လား။ မျက်နှာလေး ချောင်ကျသွားပြီလား။ အစား အသောက်ရော အဆင်ပြေရဲ့လား..စသည်ဖြင့်ပေါ့။ သို့သော် ကျွန်တော် မကြည့်ဖြစ်ခဲ့။ သူ့ဘေးက မိန်းကလေး မှီတွယ်ထားသော သူ့လက်မောင်းတစ်ဖက်ကိုသာ ကျွန်တော်ဖျတ်ကနဲ တစ်ချက်ကြည့်လိုက်မိသည်။

"မင်းအစ်ကိုက မင်းကိုအရမ်းသတိရနေတာ။ သူ့ခမျာ သူ့ညီလေးနဲ့တစ်ခါမှ မခွဲဖူးတော့ ဒီရက်ပိုင်း ငေးငေးငိုင်ငိုင်နဲ့ သိပ်တောင်မှ မလန်းဘူးရယ်။ ဘယ်တော့ပြန်လာမလဲပဲ ခဏခဏမေးနေတာ"

မေမေ့စကားကြောင့် ကျွန်တော် မျက်လုံးပြူးသွားသည်။ သွားပါပြီ...​ေမမေ့စကားတွေက ကျွန်တော်ဖုံးကွယ်ထားသမျှ နှလုံးသားတစ်ခုလုံးကို လှစ်ဟာပြလိုက်သလိုမျိုး။ တကယ်လည်း ကျွန်တော် ဒီရက်ပိုင်း ဘယ်သူနဲ့မှ သိပ်စကားမပြောဖြစ်ဘဲ အချိန်တိုင်း ဂျောင်ကုဆီကို စိတ်ရောက်နေခဲ့တာ။ဒါပေမယ့်လည်း ကျွန်တော်လွမ်းနေတဲ့ အကြောင်းတော့ သူသိသွားလို့မဖြစ်ဘူးမဟုတ်လား။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now