~ 19 ~

11.8K 767 536
                                    

Unicode
_________

"ကိုယ်..မင်းကို ခိုးပြေးလာတာ ဂျွန်ဆော့ဂျင်"

"ဘာ!"

"ချစ်လွန်းလို့...မခွဲနိုင်လို့ ခိုးလာတာ"

အင်အားပြင်းထန်တဲ့ ဆူနာမီမုန်တိုင်းတစ်လုံးက ကျွန်တော့်အသည်းနှလုံးတစ်ခုလုံးကို မွှေနှောက် ဆွဲနှုတ်သွားသည်။ ဒါဟာ စိုးရိမ်ထိတ်လန် ့မိနေတာလား။ ကြည်နူးမိသွားတာလား။ ရုတ်တရက်မို့ သူ့ကို ကျွန်တော်ဘာပြန်ပြောရမှန်းတောင်မသိ။

အတင့်ရဲလိုက်တဲ့ ကောင်လေး။ မေမေတို့ ဒီလောက်မျက်စိဒေါက်ထောက်စောင့်ကြည့်နေတဲ့ ကြားက သူ, ရအောင်လစ်ထွက်လာတာကိုပဲ ကြည့်တော့။နှစ်ဖက်မိဘ၊ ပြီးတော့ ကာယကံရှင်မိန်းကလေး။ အားလုံး ရှုပ်ထွေးကုန်လိမ့်မယ်။ ဟင့်အင်း...။

"မင်း ဘာတွေလျှောက်လုပ်နေတာလဲ။ ဒါ ကလေးကစားစရာမဟုတ်ဘူးနော် ဂျောင်ကု"

"ကလေးကစားစရာလို သဘောမထားလို့လဲ ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်တာလေ"

သူ့ပုံက အနည်းငယ်တောင် စ,နောက်နေဟန်မရှိ။ မျက်လုံးအကြည့်ကအစ တည်ငြိမ်နေသည်။ ကျွန်တော်ရပ်နေသော နံရံအနားသို့ တဖြည်းဖြည်းလျှောက်လာသောအခါ ကျွန်တော့်မှာပြေးစရာ မြေမရှိတော့။ မျက်နှာတစ်ခုလုံး ပူထူလာပြီး ခြေထောက်နှစ်ချောင်းလုံးတွင် မတ်မတ်ရပ်တည်နိုင်စရာ အားပင်မကျန်တော့။

မဟုတ်သေးဘူး။ ကျွန်တော် သူ့ကို အလျှော့ပေးလိုက်လို့ မဖြစ်ဘူး။ အပျက်ပျက်နဲ့ နှာခေါင်းသွေးမထွက်ခင် တားဖို့ အချိန်မှီနိုင်ကောင်းပါရဲ့။ သူ့လက်ထဲမှာ အခန်းသော့ရှိသည်။

"ဂျောင်ကု....."

သူ့ကို ရုတ်တရက် ပြေးဖက်လိုက်တော့ မထင်မှတ်ထားတဲ့ အပြုအမူကြောင့် သူ့မျက်ခုံးတန်းထိပ်တွေ စုကြုံ့သွားသည်။ ဆွယ်တာနို့နှစ်ရောင်က ကျွန်တော့်ပါးပြင်မှာ ကပ်လျက်။ တဖြည်းဖြည်း မော့ကြည့်လိုက်သောအခါ ကျွန်တော့်အရိပ်အခြေကို ကြည့်နေသော သူ့မျက်ဝန်းတွေနဲ့ဆုံသည်။ ထို့နောက် တစ်တန်းတည်းဖြစ်သွားသော သူ့နှုတ်ခမ်းကို ရီဝေဝေ
စိုက်ကြည့်ရင်း အခန်းသော့ကိုင်ထားတဲ့ သူ့လက်တွေဆီကို ကျွန်တော့်လက်အစုံက တဖြည်းဖြည်း ပွတ်သပ်ရွေ့လျားလျက်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now