~ 8 ~

8.6K 790 355
                                    

Unicode
_________

"တခြား ဘယ်သူ့လက်ထဲကို မှ ခင်ဗျားကို အပါမခံနိုင်လောက်အောင် ချစ်တယ်"

​ကျွန်တော့် ခြေထောက်များတွင် အင်အားတစ်စုံတစ်ရာမရှိတော့ သလိုခံစားရသည်။ တစ်ကိုယ်လုံး ပစ်လဲမသွားအောင် နံရံကို လက်ဖြင့်ထောက်ပြီး မနည်းရပ်နေရသည်။ ဒါ သူအသံမဟုတ်ဘူးလို့ တစ်ယောက်ယောက်က ပြောပေးစမ်းပါ။ ကျွန်တော့်ညီလေးကလေ...။ ငယ်ငယ်ကတည်းက ကျွန်တော်အရမ်းချစ်ရတဲ့ ကျွန်တော့် ညီကလေ။ ဒီအတိုင်း မခံချင်စိတ်နဲ့ သူလျှောက်ပြောလိုက်တာ မဟုတ်လား။

"ငါ..ငါ တို့က ညီအစ်ကို..."

"ကျွန်တော် ခင်ဗျားကို ဘယ်တုန်းကမှ အစ်ကို
မတော်ချင်ဘူး"

ပြောရက်လိုက်တာ။ ဒီကောင်လေး ဘယ်တုန်းကတည်းက ဒီလိုစိတ်မျိုးတွေ ဝင်နေခဲ့တာလဲ။ ကျွန်တော် ဘာလို့နည်းနည်းလေးတောင် မရိပ်ခဲ့မိရတာလဲ။ သူကပဲ ဖုံးကွယ်နိုင်ခဲ့တာလား။ ကျွန်တော်ကပဲ တုံးနေခဲ့တာလား။

သူ့မျက်လုံးတွေက တစ်ချက်လေးတောင် အရောင်ဖျော့မသွား။ အနည်းငယ် အသက်ရှုသံပြင်းနေတာက လွဲပြီး ပုံမှန်အတိုင်းပင်။ ကျွန်တော်ကသာ အသံတွေ တုန်ရီနေပြီး ရင်တွေခုန်နေတာ သူက ကျွန်တော့်ထက် အကြီးတစ်ယောက်လိုမျိုး တည်တည်ငြိမ်ငြိမ်ပင် ပြောသည်။

"ဒါ..ဒါပေမယ့် မဖြစ်သင့်ဘူး။ မင်း..မင်းနောက်ဆုတ်လိုက်တာ ကောင်း..."

ကျွန်တော့် စကားမဆုံးခင် သူက ရှေ့တိုးလာတာမို့ နံရံနဲ့ သူ့ရင်ခွင်ကြားထဲ ညှပ်ပူးညှပ်ပိတ်, ပိတ်မိသွားသည်။ ဘယ်လောက်များ နီးကပ်နေသလဲဆိုရင် သူ့အသက်ရှုငွေ့က ကျွန်တော့်မျက်နှာပေါ်ကို ထိကပ်တော့မတတ်။ကျွန်တော့်အဖြစ်က ေချာင်ပိတ်မိနေသည့် ကြွက်ကလေးတစ်ကောင်လို။

ရင်ခုန်ပြန်ပြီ။ သူ အနားကပ်လာတိုင်း ရင်ခုန်တာကသေမလိုပဲ။

"နောက်ဆုတ်ရအောင် ကျွန်တော့်နှလုံးသားမှာ ခြေထောက်မပါဘူး။ မချစ်နဲ့ သဘောမကျနဲ့လို့ အမိန့်လာမပေးနဲ့။ ကျွန်တော့် ကိုယ်ထဲက ခင်ဗျားနှလုံးသား မဟုတ်ဘူး။ နားလည်လား...ကျွန်တော်ပြောတာ"

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now