အခန်း - ၁၉

88.4K 6.8K 2.3K
                                    

Unicode//

"ကိုမြတ်က ကလေးတွေကို အရမ်းချစ်တတ်တဲ့ပုံပဲနော်"

"ကလေးတိုင်းကိုတော့ မဟုတ်ပါဘူး..."

"ဪ ဟုတ်...မြူလည်း ကလေးတိုင်းကိုမချစ်တတ်ဘူး"

"ဟုတ်ကဲ့...ဒါနဲ့ ကျွန်တော်နဲ့အတူလိုက်စောင့်ပေးလို့ အဆင်ပြေရဲ့လား...အချိန်ကစောသေးတော့ ကလေးတွေကဆင်းဦးမှာမဟုတ်ဘူး"

"အာ ဟုတ် ရပါတယ်...မြူလည်း လုပ်စရာမရှိဘူး...အိမ်ပဲပြန်မှာဆိုတော့ အဆင်ပြေတယ်... အိမ်ကလည်း ကိုမြတ်နဲ့မလို့ စိတ်ချပြီးသားပါ"

"ဟုတ်ကဲ့"

ထူးမြတ် ဘေးမှအမျိုးသမီးလေးအား မည်သည့်စကားမှဆက်မပြောဖြစ်တော့ဘဲ ကားကိုသာ အာရုံစိုက်၍ ဆက်မောင်းနေလိုက်သည်။ ဖခင်ဖြစ်သူ၏ လွန်ဆန်၍မရသောအမိန့်ကြောင့် အိမ်ထောင်ဖက်တွေ့ခဲ့ရခြင်း။ သို့သော် တွေ့ရုံနှင့်မပြီး၊ ထိုအမျိုးသမီးလေးက ကားမယူလာသည်မို့ ယဉ်ကျေးမှုအရ ပြန်လိုက်ပို့ဖို့ အကြောင်းဖန်လာသည်။ ဖြစ်ချင်တော့ ဒီနေ့က ကလေးတွေကိုသူသွားကြိုရမည့်နေ့။ နိုရာက အစည်းအဝေးရှိသည်မို့ လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းကကြိုပြောထားခြင်းဖြစ်ရာ သူ့မှာဘာလုပ်ရမှန်းမသိတော့။

ဖြစ်နိုင်လျှင်ကလေးတွေကိုသာသွားကြိုချင်သော်လည်း မိန်းကလေးတစ်ယောက်ကို မျက်နှာလွှဲခဲပစ်မလုပ်နိုင်သည်မို့ ပွင့်ပွင့်လင်းလင်းထုတ်ပြောတော့ ဤအခြေအနေသို့ အလိုလိုရောက်သွားခဲ့၏။ ငွေနှင်းမြူဝေဟူသည့် မိန်းကလေးသည် အိန္ဒြေရှိရှိနှင့် လှပသောအမျိုးသမီးလေးတစ်ဦးဖြစ်ပါသည်။ သူ့အနေနှင့် ချစ်ကြိုက်ချင်စိတ်မရှိသော်ငြား ထိုအမျိုးသမီးလေးအပေါ် လေးစားသမှုတော့ ရှိသည်သာ။

Private Schoolတစ်ခုရှေ့အရောက် သူကားကိုရပ်လိုက်ရင်း ကျောင်းဘက်သို့မျှော်ကြည့်လိုက်မိသည်။

" ကျောင်းက ၄နာရီဆင်းမှာဆိုတော့ ၁၅မိနစ်လောက်တော့လိုသေးတယ်နော်"

"ဟုတ်တယ်...ကျွန်တော်တို့တော်တော်စောသွားတယ်...ဒါပေမဲ့ နောက်ကျတာထက်တော့သာပါတယ်"

တည်Where stories live. Discover now