အခန်း - ၂၃

90.7K 6.5K 1.5K
                                    

Unicode //

တိတ်ဆိတ်နေသော အိပ်ခန်းကျယ်အတွင်း အလင်းရောင်က မှိန်ပျပျလေးဖြန့်ကျက်ထားသည်။ သို့သော် ထိုအခန်းအတွင်းရှိ စားပွဲလေးကတော့ မီးအိမ်၏အကူအညီဖြင့် ထိန်လင်းနေ၏။

အမျိုးသားတစ်ဦးသည် ထိုစားပွဲတွင်ထိုင်နေပြီး လက်ထဲတွင် ခဲတံတစ်ချောင်းကိုကိုင်ကာ အကြမ်းရေးဆွဲထားသည့်ပုံအား အချောသပ်ရေးဆွဲနေသည်။ မျက်ဝန်းလှလှတို့သည် တည်ငြိမ်စွာ၊ ထို့ပြင် အာရုံစူးစိုက်စွာ။

လက်ချောင်းရှည်သွယ်သွယ်လေးများ၏ စေစားရာအတိုင်း ခဲတံထိပ်ဖျားချွန်ချွန်လေးက လိုက်လံကစားသည်။ စက္ကန့်များ၊ မိနစ်များ တရွေ့ရွေ့ကုန်ဆုံးလာကာ နာရီတစ်ခုအဖြစ်သို့ ကူးပြောင်းသွားတော့မည့်အချိန်တွင်တော့ ပုံကြမ်းလေးသည် သိသိသာသာရုပ်လုံးပေါ်လာခဲ့၏။

ပုံတူပန်းချီကားတစ်ခု။ ရှင်းရှင်းပြောရလျှင် အရွယ်ရောက်ပြီးသောအမျိုးသားတစ်ယောက်၏ ပုံတူပန်းချီကားတစ်ခု။

ထိုပုံထဲမှ အမျိုးသားလေးတွင် နက်စွေးနေသည့် မျက်လုံး၊မျက်ခုံးလေးများရှိပြီး နှာတံချွန်ချွန်လေးသည်လည်း ဆွဲဆောင်မှုရှိလွန်းစွာ။ မျက်နှာကျကတော့ ခပ်သွယ်သွယ်။ ထို့အပြင် နဖူးထက်၌ လှိုင်းအနည်းငယ်တွန့်သည့် ဆံစအချို့ ဝဲကျနေသည်။

နာရီလက်တံလေး နံပါတ်တစ်ခုမှ နောက်တစ်ခုဆီသို့ကူးပြောင်းသွားသည့်အချိန်တွင်တော့ ရွေ့လျားနေသည့် ခဲတံထိပ်ဖျားလေးသည်ရပ်တန့်သွားတော့သည်။ ထိုခဲတံလေးကို ကိုင်ထားဆဲဖြစ်သော အမျိုးသား၏ မျက်နှာထက် ကျေနပ်သွားသည့်အရိပ်အယောင်များပေါ်ထွက်လာပြီးနောက် နှုတ်ခမ်းထောင့်စွန်းလေးတို့ အနည်းငယ်ကော့ညွှတ်သွားကြ၏။

ထိုအမျိုးသား၏ မျက်ဝန်းများသည် ပုံတူပန်းချီကားချပ်လေးအား မြတ်နိုးစွာ ငေးစိုက်ကြည့်နေစဉ်တွင်...

Ringing...

တိတ်ဆိတ်နေသောအခန်းတွင်း ဖုန်းမြည်သံကကျယ်လောင်စွာ။

ပန်းချီကားကိုကြည့်နေသည့် မျက်ဝန်းကြည်ကြည်တို့သည် Ph screenထက်သို့ ရွေ့သွားပြီးနောက် ခဲတံလေးသည် လက်ချောင်းသွယ်လေးများထဲမှလွတ်မြောက်သွားတော့၏။

တည်Where stories live. Discover now