အခန်း - ၂၆

88.3K 6.2K 1K
                                    

Unicode//

1 week later,

"King"

"....."

"King"

"....."

"King ငါ ခံတွင်းချဉ်နေတယ်လို့"

"....."

"တစ်လိပ်ပဲလေကွာ တစ်လိပ်ပဲလေ"

"မရဘူး"

"မင်းကလည်း...ဖယ် အဲ့စာအုပ်ကြီး... ငါ့ကိုလည်းအာရုံစိုက်ပါဦး"

Kingက ပေါင်ပေါ်စာအုပ်တင်ကာဖတ်နေပြီး သူ့အားတစ်ချက်ကြည့်မလာသည်မို့ ဘေဘေး ထိုစာအုပ်အား ဆွဲဖယ်လိုက်သည်။ ထိုအခါမှ မော့ကြည့်လာပြီး...

"ဘယ်လိုဖြစ်ဖြစ် မရဘူး"

"ဟာ မင်းကလည်း...သူများတွေဆေးလိပ်ဖြတ်တာ ဖြည်းဖြည်းချင်းလေ...မင်းကျမှ တုံးတိကြီး...ငါက ဘယ်လိုလုပ်ခံနိုင်မှာလဲ"

"မင်းက သူများလိုအများကြီးသောက်ထားတာမဟုတ်ဘူး"

"မသိဘူးကွာ...ခု တစ်လိပ်ပဲ...နောက်မသောက်တော့ဘူး...နော် Kingရာ ငါခံတွင်းချဉ်တယ်လို့"

"ပီကေစား ငါယူပေးမယ်"

"မစားဘူးကွာ"

ပူဆာတာမရ၍ ဘေဘေးမျက်နှာက ခပ်တင်းတင်းဖြစ်သွား မျက်နှာကိုလည်း Kingဘက်မလှည့်တော့ဘဲ ရှေ့တည့်တည့်သာမူထားတော့၏။ ဆိုဖာတစ်လုံးထက် နှစ်ယောက်အတူထိုင်နေကြခြင်းဖြစ်ပြီး နှစ်ယောက်သား ခြေချိတ်ကာထိုင်နေကြပုံချင်းလည်းတူသည်။ ဘေဘေးက King၏ စာအုပ်ကိုလည်းပြန်မပေးသလို Kingအားလည်း လှည့်မကြည့်တော့။

ချစ်တော့ချစ်ပေမဲ့ စိတ်တိုတာကစိတ်တိုတာပဲ... ချစ်ခွင့်အပြည့်အဝပေးထားရင်တော့လည်းတစ်မျိုးပေါ့...ခုဟာက ရင်ခွင်ထဲကျမလာဘူး...သူများဇနီးသည်တွေလိုတော့ အာဏာက ပြထားတယ်...သားနှစ်ယောက်ကလည်း သူတို့ဒယ်ဒီစကားဆို တစ်ခွန်းပဲ...သူ့မှာသာ ခင်ပွန်းသည်ရာထူးလည်းမရ...အိမ်မှာလည်း အာဏာကပျောက်နေပြီ... ခုလည်း ဆေးလိပ်ကျမသောက်ခိုင်းဘူး...လူကိုကျပစ်ထားသေးတယ်...

ဘေးမှ လှုပ်ရှားမှုပုံရိပ်အား မြင်နေရသော်လည်း ဘေဘေး တုပ်တုပ်မလှုပ်ဘဲ နေပေးလိုက်သည်။ ဒီနေ့တော့ သူ့စိတ်ဓာတ်ဘယ်လောက်မာကြောင်းပြရမည်။

တည်Where stories live. Discover now