အခန်း - ၂၇

85.1K 6.1K 1.3K
                                    

Unicode//

လမ်းမထက် တလှစ်လှစ်ပြေးလွှားနေသည့် ကားလေးအတွင်း အသက်ရှူသံတို့သာကြီးစိုးနေသည်။ ကားအတွင်းရှိ အမျိုးသားနှစ်ဦးသည် မည်သည့်စကားကိုမျှမဆိုကြသလို နှစ်ယောက်လုံး ကိုယ်စီအတွေးတို့ဖြင့် ငြိမ်သက်နေကြ၏။

ကားမောင်းနေသည့် အမျိုးသားသည် နံဘေးရှိအမျိုးသားလေးအား အသာငဲ့ကြည့်လိုက်သည်။

"ခဏနားလိုက် နိုရာ"

ထိုစကားအဆုံး ၅စက္ကန့်မျှအကြာတွင်တော့...

"အင်း..."

ဘေဘေး King၏အပြောကြောင့် မျက်လုံးတို့ကိုအနားပေးလိုက်ကာ ထိုင်ခုံအား ပို၍သက်တောင့်သက်သာဖြစ်သည့်အနေအထားသို့ပြောင်းလိုက်ပြီးနောက် သေချာမှီချလိုက်ပြီး မျက်လုံးတို့အားမှိတ်ချလိုက်မိသည်။ ရင်ထဲတွင် အမျိုးအမည်ဖော်ပြ၍မရနိုင်သော ခံစားချက်ပေါင်းစုံတို့ဖြင့် ပြည့်နှက်နေ၏။ ပုံမှန်အတိုင်းဆို အိပ်ရာထက်ဝင်ကာ ခွေနေလိုက်မိမည်ဖြစ်သော်ငြား လက်ရှိအခြေအနေတွင် သူထိုမျှ အားပျော့နေ၍မရတော့။

ခေါင်းထဲတွင် 'King ဘယ်တုန်းကတည်းက...' ဟူသည့်အစချီစကားဖြင့် မေးခွန်းတို့က တန်းစီစွာ။ သို့သော် သူတစ်ခွန်းမှမမေးမိသေးသလို Kingဘက်မှလည်း တစ်ခွန်းမှဟမလာသေး။

သားတို့ကို King၏အဘွားခေါ်သွားသည်ဟူ၍သိလိုက်ရချိန်မှစပြီး သူ့ဦးနှောက်သည်အလုပ်မလုပ်နိုင်တော့။ ရဲတွေကို Kingဘယ်လိုပြော၍ပြန်လွှတ်လိုက်သည်ဆိုတာကိုလည်းမသိလိုက်။ ပြန်ခါနီး Kingက ကျောင်းတွင် သားတို့အတွက် တစ်ပတ်ခွင့်တိုင်ခဲ့သည်ဆိုတာကိုသာ သိလိုက်သည်။ ထို့နောက် Kingက သူ့အားလက်မှဆွဲခေါ်လာကာ ကားထဲဝင်စေပြီး ခါးပတ်ကိုလည်း သူပဲတစ်ခါတည်းပတ်ပေးသွားကာ ကားတံခါးကိုလည်း သူပင်ပြန်ပိတ်ပေးသွား၏။

လမ်းတစ်လျှောက်တွင်လည်း နှစ်ယောက်သားမည်သည့်စကားမှမပြောဖြစ်ခဲ့ကြ။ ယခုမှသာ Kingဘက်မှစ၍ သူ့အားအနားယူဖို့ပြောလာခဲ့ခြင်း။

ဘေဘေး မျက်လုံးတို့ကိုသာမှိတ်ထားသော်လည်း အတွေးတို့ကတော့ ဦးနှောက်ထဲတွင်စဉ်ဆက်မပြတ်။ ပထမဆုံး သားတို့ပျောက်သွားစဉ်က ရင်ထဲတွင် စိုးရိမ်ပူလောင်စိတ်တို့သာကြီးစိုးခဲ့သည်။ ယခုအခါတွင်တော့ သားတို့၏ အန္တရာယ်ကို မစိုးရိမ်ရတော့သော်ငြား မိမိလုပ်ခဲ့သည့် အမှားအတွက်စိုးရိမ်ရပြန်သည်။

တည်Where stories live. Discover now