အခန်း - ၃၁

86.6K 6.3K 1.7K
                                    

Unicode//

နန်းဆောင်အတွင်း မည်သူတစ်ဦးတစ်ယောက်မှရှိမနေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။ အသက်ရှူသံတို့သည်လည်း တိုးညှင်းလွန်းသည်မို့ တိတ်ဆိတ်မှုသည်သာ ကြီးစိုးနေတော့၏။

ဘေဘေး လက်ရှိအခြေအနေအား နားလည်နိုင်အောင် ဦးနှောက်ကိုအလုပ်ပေးနေမိသည်။ နယ်ပယ်ပေါင်းစုံတွင် ဉာဏ်များခဲ့သော်လည်း ယခုအချိန်တွင် နားလည်အောင်မနည်းကြိုးစားနေရသည်မို့ ကိုယ့်ကိုယ်ကိုယ်ပင်သံသယရှိလာသည်အထိ။

စကားတစ်ခွန်းကိုကြားလိုက်တိုင်း သူနားမလည်နိုင်ဖြစ်နေရသည်။ သို့သော် ပြောဆိုလိုက်သူနှင့်ကြားနာသူကတော့ နှစ်ဦးနှစ်ဖက်နားလည်ကြသည့်အလားပင်။

နားမလည်နိုင်သည်က သူတစ်ဦးတည်းသာ။

တစ်ခွန်းကြားလိုက်တိုင်း ဘာအဓိပ္ပါယ်လဲဟူ၍အပြေးအလွှားစဉ်းစားနေရသည်မို့ နေရာမှာပင် ဆံဖြူတော့မတတ်။ မိမိရှေ့မှနှစ်ယောက်ကိုကြည့်လိုက်တော့လည်း အခြေအနေက အတော်လေး တင်းမာနေသည့်ဟန်။ သူသည်လည်း မည်သို့ကြားဝင်ရမှန်းမသိသည်မို့ ငြိမ်သက်နေလိုက်မိတော့သည်။ 

မည်သို့ပင်ဖြစ်စေကာမူ သူ သားတွေကိုရော၊Kingကိုပါ လက်လွှတ်ဆုံးရှုံးခံမည်မဟုတ်။ မကျေနပ်သည်များအား အတော်အတန်ပြောခဲ့ပြီးပြီမို့ ညှိနှိုင်းဖို့သာကျန်ပါတော့သည်။ သို့သော် လက်ရှိအချိန်သည် အချိန်ကောင်းမဟုတ်။ ထို့ကြောင့် ငြိမ်သက်ကာ နားထောင်နေဖို့ကိုသာဆုံးဖြတ်လိုက်တော့သည်။

ထို့အပြင် Kingကိုထိလျှင် ငြိမ်ခံနေမည်မဟုတ်ဟူ၍လည်း စိတ်ကိုအပြည့်သွင်းထားလိုက်သည်။

မဟာဒေဝီ စိတ်ကိုထိန်းထားရင်း သူမ၏မြေးငယ်အားကြည့်နေမိသည်။ သူမအနေနှင့် အပြင်လူကိုသာ အပြစ်တင်ချင်ခဲ့သော်ငြား အတော်ဖြစ်နေသူသည် သူမ၏မြေးဖြစ်နေခဲ့သည်။

စစချင်း ကလေးတွေပြောသည့်အချိန်တွင် သူမ,မယုံချင်ခဲ့။ သူတို့၏အဖေများကိုခွဲမည်စိုး၍ အချို့အရာများကို လုပ်ကြံဇာတ်ခင်းသည်ဟုပင် ထင်လိုက်မိသေးသည်။ သို့သော် ယခု သူမကိုယ်တိုင်မျက်မြင်ကြုံတွေ့နေရပြီး အခြေအနေအရပ်ရပ်တို့အား နားနှင့်ပါဆတ်ဆတ်ကြားနေရပြီမို့ မည်သည့်စကားကိုဆိုရမည်ပင်မသိတော့။

တည်Where stories live. Discover now