အခန်း - ၃၂

96.8K 6.5K 3.8K
                                    

Unicode//

သားတို့ရှေ့တွင်ပျော့ညံ့မပြချင်သည်မို့ ဘေဘေး King၏နန်းဆောင်ထဲမှအမြန်ထွက်လာခဲ့လိုက်သည်။ အပြင်ရောက်တော့လည်း ခြေဦးတည့်ရာနေရာဆီသွားလိုက်မိရင်း ဟော်နန်း၏ရှုခင်းများအား လျှောက်ကြည့်နေလိုက်၏။ လမ်းတစ်လျှောက်တွေ့သူတိုင်း သူ့ကိုဦးညွှတ်ကြသည်ကိုလည်း ဂရုစိုက်ကြည့်မနေမိ။ ထိုသူတွေ သူ့အားလိုက်ကြည့်နေကြမည်ကိုသိသော်လည်း ဂရုမထားမိ။

သူ့အတွက် လူအများ၏အာရုံစိုက်ခြင်းကိုခံရသည်မှာ ငယ်စဉ်ကတည်းကဖြစ်သည်မို့ ဘာမှထူးပြီးမခံစားရပေ။

တောင်ပေါ်ဒေသ၏ဆောင်းရာသီသည် နေ့အချိန်ဖြစ်သော်ငြား သူ့လိုမြေပြန့်သားအတွက်တော့ မခံရပ်နိုင်လောက်အောင် အေးစိမ့်နေဆဲပင်။

ဘေဘေး နန်းဆောင်မှ ခပ်လှမ်းလှမ်းအထိလျှောက်လာခဲ့ပြီးနောက် ချယ်ရီပင်တစ်ပင်အောက်ရှိ ခုံတန်းရှည်တွင်ဝင်ထိုင်လိုက်သည်။ အနီးအနားတွင် သန့်ရှင်းရေးလုပ်နေကြသူများသည်လည်း သူ့ကိုတွေ့သည်နှင့် ဦးညွှတ်ကာနှုတ်ဆက်ကြပြီးမှ သူတို့အလုပ်ကိုသူတို့ ဆက်လုပ်လိုက်ကြ၏။

ဘေဘေး ခုံတန်းရှည်၌ ခြေချိတ်ထိုင်ရင်း သက်တောင့်သက်သာအနေအထားဖြင့် ကိုယ်ကို ဖြေလျော့ထားမိသည်။ အကြည့်တို့ကို နှင်းဆီပန်းခင်းလေးဆီပို့ထားလိုက်ရင်း အတွေးနယ်ကိုချဲ့နေမိ၏။

သူရူးမိုက်သည့်အရွယ်က လုပ်ခဲ့သမျှလုပ်ရပ်တိုင်းကို အားလုံးကအပြစ်မတင်ဘဲ နားလည်ပေးကြသည်မှာ သူ၏ကံကောင်းခြင်းဟုယူဆရမည်လားပင်မသိတော့။

ဆယ်စုနှစ်ကျော်ကာလတစ်ခုအတွင်း သူစိုးရိမ်ခဲ့သမျှ၊ စိတ်ပူပန်ခဲ့သမျှအရာအားလုံးနီးပါးသည် ယခုအချိန်တွင် ဘာမှမဟုတ်တော့သလိုပေ။ ဖြစ်ပျက်သွားသောအဖြစ်အပျက်များအားလုံးသည် မြန်ဆန်လွန်းနေသည်မို့ သူပင်မနည်းအမှီလိုက်နေရ၏။

ပထမဆုံး ဘာကိုဦးစားပေးစဉ်းစားရမည်လဲဆိုတာကိုပင် သူမဝေခွဲနိုင်တော့။

Kingအကြောင်းကိုလား…

Kingကသူ့အပေါ်မည်သို့ သဘောထားနေသည်ဆိုတာကိုလား…

တည်Where stories live. Discover now