အခန်း - ၄၀

87.8K 5.8K 856
                                    

Unicode//

ဘေဘေးတစ်ယောက် မဝင်တာကြာပြီဖြစ်သည့်Accထဲသို့ဝင်ရန် ဟန်ပြင်လိုက်စဉ်...

ချလောက်!

တံခါးဖွင့်သံကြောင့် ဖုန်းကိုပြန်ချလိုက်ပြီးလှည့်ကြည့်လိုက်သည်။ Kingနှင့်သင်္ခါက ရှေ့ဆင့်နောက်ဆင့်ဝင်လာကြပြီးနောက် Kingက ဘေဘေးနံဘေးရှိခုံတွင်ဝင်ထိုင်ပြီး သင်္ခါကတော့ Kingနံဘေးရှိခုံတွင်ထိုင်လိုက်၏။

ဘေဘေးက တစ်ခုံကျော်မှသင်္ခါ့ကိုကြည့်လိုက်ပြီး ဖန်ခွက်များထဲသို့ဝိုင်ကိုလောင်းထည့်ရင်းမှ...

"အာဏာကအရမ်းစိတ်ပူနေလို့ ကိုယ်အသိပေးထားတယ်...ဖြစ်တယ်မလား"

ပြောကာ ဝိုင်ခွက်တစ်ခွက်ကိုတွန်းပေးလိုက်တော့...

"ဟုတ်"

ထိုတစ်ခွန်းသာဆိုပြီး တွန်းပေးလိုက်သော ဝိုင်ခွက်ကိုယူကာတစ်ငုံငုံလိုက်သော သင်္ခါ။

ဘေဘေး တစ်ချက်ပြုံးလိုက်မိပြီး ဝိုင်ခွက်တစ်ခွက်ကို Kingရှေ့တိုးပေးလိုက်ကာ မျက်လုံးမှိတ်ပြပြီးစလိုက်တော့ Kingက သူ့လက်တစ်ဖက်ကိုဆွဲယူကာ လက်ချောင်းချင်းယှက်သွယ်ဆုပ်ကိုင်လာသည်မို့ ဘေဘေးအသံတိတ်ရယ်လိုက်မိ၏။

ပြီးမှ ငြိမ်သက်နေသည့် ချစ်ရသူ၏အခန်းဖော်ဟောင်းကိုပြန်ကြည့်လိုက်ပြီး...

"ကိုယ့်ကို စိတ်မကြည်ဖြစ်နေတုန်းလား"

မေးလိုက်တော့မှ လှည့်ကြည့်လာပြီးနောက် ခေါင်းခါပြလာသည်။

"Kingရဲ့လူမှန်းသိလိုက်ရကတည်းက ခင်ဗျားကိုစိတ်ရှင်းသွားပါပြီ"

သင်္ခါက ဝိုင်ကိုတစ်ငုံထပ်သောက်လိုက်ပြီး ခေါင်းကိုငုံ့ကာ ဝိုင်ခွက်ကိုစိုက်ကြည့်နေရင်းမှ...

"အမှန်တော့ ခင်ဗျားနဲ့မှမဆိုင်တာ...ခင်ဗျားမရှိလည်း သူကကျွန်တော့်ကိုမြင်မယ့်သူမှမဟုတ်ဘဲ"

အသံသည် မကျယ်သော်ငြားအရမ်းလည်းမတိုးသောကြောင့် ပီပြင်စွာကြားနေရသည်မို့ နာကျင်သံအနည်းငယ်စွက်နေသည့်ဟန်ပေါက်နေ၏။

ဘေဘေးလည်းသက်ပြင်းတစ်ချက်ချလိုက်ရင်း ဝိုင်ကိုတစ်ငုံသောက်လိုက်ပြီးနောက်...

တည်Where stories live. Discover now