အခန်း - ၄၄

89.5K 5.6K 1.5K
                                    

Unicode //

"အသေးစိတ်တော့ နိုနိုတို့လည်းသေချာမသိသေးဘူး...ပါပါးသိချင်ရင် ဒယ်ဒီ့ကိုမေးလို့ရတယ်လေ...ဒါမှမဟုတ် မော်ဆွန့်ကိုဖုန်းဆက်ပြီးလည်းမေးလို့ရတာပဲ...ပြီးရင်တော့ သဘောတူပေးနော်...ဟီး"

(မော်ဆွန်စိုင်း = ဆရာ)

သူ့လက်မောင်းကိုဖက်ကာ ချွဲသလိုပြောလာသည့် နိုနို့ကြောင့်ဘေဘေးရယ်လိုက်မိပြီး...

"လာချွဲမနေနဲ့...ခင်ဗျားတို့ဒယ်ဒီနဲ့ တိုင်ပင်ကြည့်ဦးမယ်...သူသဘောတူမှရမယ်...သဘောမတူရင်မရဘူး"

"ဟာ ပါပါးကလည်း...ဒယ်ဒီကပါပါးသဘောပဲဟာကို...လုပ်ပါ ပါပါးရဲ့"

"မရဘူး...ဖယ်"

"ပါပါးကလည်းလို့"

နိုနိုက သူ့လက်မောင်းကိုဖက်ရုံမကတော့ဘဲ လည်ပင်းကိုဖက်လာပြီး သူ့အရပ်ကလန်ကလားနှင့် ပေါင်ပေါ်ထိတက်ထိုင်လာသည်မို့ ဘေဘေးခြေချိတ်ထိုင်နေရာမှ ဖြည်ချလိုက်ရပြီး...

"ဘာလာဖြစ်တာတုန်း...ကိုယ့်အရပ်နဲ့ခန္ဓာကိုယ်ကိုလည်းအားနာဦး...လေးတယ် ဖယ်"

"ပါပါးကို အာဘွားပေးမယ်"

ပြောပြီးနောက် နိုနိုက အတင်းလိုက်နမ်းသည်မို့ ဘေဘေးခေါင်းကိုနောက်ဆုတ်ကာရှောင်နေရင်း နိုနို့နဖူးကိုပါလက်ဖဝါးနှင့်တွန်းထားရသည်။ နိုနိုတစ်ယောက်ကတော့ သူထိုသို့ဖြစ်နေလေ သဘောကျလေဖြစ်နေပုံရကာ ဆက်စနေသည်မို့...

"ဆင်းတော့...ပါပါးစဉ်းစားပေးမယ်"

"အာဘွားလေးတစ်ချက်တော့ယူပါဦး"

"မယူဘူး...ဖယ်စမ်းပါ...လေးရတဲ့ကြားထဲ"

ပြောလိုက်တော့မှ နိုနိုကရယ်လိုက်ပြီးအောက်သို့ဆင်းသွားပြီးနောက် အစ်ကိုဖြစ်သူဘေးတွင်သွားထိုင်ကာ ကျောရိုးမပါသည့်သတ္တဝါတစ်ကောင်လိုမျိုး ပစ်မှီလိုက်သေးသည်။ သားကြီးကိုကြည့်လိုက်တော့လည်း ညီဖြစ်သူ၏လုပ်ရပ်အပေါ် ကျေနပ်သည့်အပြုံးနှင့်မို့ သူ့တွင်ပြောစရာမရှိတော့။ အားလုံးကဝိုင်းချစ်ကာ အလိုလိုက်ထားကြသည်မို့ နိုနိုက အရင်ကထက်ပို၍လုပ်ချင်တာလုပ်လာပါ၏။

တည်Where stories live. Discover now