အခန်း - ၄၅

81.5K 5.4K 581
                                    

Unicode //

"မတွေ့တာတောင်ကြာပြီ ကိုကို"

မပြုံးမတည်မျက်နှာပေးနှင့်နှုတ်ဆက်လာသူကြောင့် အာဏာ့စိတ်ထဲတစ်မျိုးဖြစ်သွားသော်ငြား...

"အင်း တစ်နှစ်ခွဲလောက်ရှိရောပေါ့...အန်တီတို့၊အန်ကယ်တို့နေကောင်းကြတယ်မလား"

ရုပ်မပျက် ပြန်နှုတ်ဆက်လိုက်တော့...

"ဟုတ်ကဲ့"

အပြန်အလှန်နှုတ်ဆက်နေကြသူနှစ်ယောက်ကြောင့် ကြည်နူးမှလွဲ၍ ကျန်သူများအားလုံးအံ့ဩနေကြသည်။

ကြည်နူးကတော့ ထိုလူ့အား စားသောက်ဆိုင်တွင် အစ်ကိုနှင့်အတူ တစ်ခါမြင်ဖူးခဲ့သည်မို့ လက်ရှိအခြေအနေကိုထူးဆန်းနေရုံမှတစ်ပါး အံ့ဩခြင်းတော့မရှိပေ။ ထူးဆန်းသလိုဖြစ်နေသည်ကလည်း အခြားတော့မဟုတ်။ ထိုလူသည် သူ့ကို အစ်ကိုနှင့်ပတ်သက်ပြီး ပြိုင်ဘက်လိုသဘောထားကာ ဆက်ဆံခဲ့ဖူးသည်မို့ သတိရလိုက်မိခြင်း။

ကြည်နူးတစ်ယောက် ထိုအချိန်ကိုသတိရလိုက်မိပြီး တစ်ချက်ပြုံးလိုက်မိကာ...

"ဪ အဲ့ဒါကြောင့် မြင်ဖူးပါတယ်လို့ကြည့်နေတာ...လက်စသတ်တော့ အဲ့တုန်းကတစ်ယောက်ကိုး"

ထိုစကားအဆုံး မျက်ဝန်းပြာတစ်စုံသည် သူ့ထံရောက်လာသည်မို့ မျက်ခုံးတစ်ဖက်ပင့်ပြလိုက်တော့ တစ်ဖက်မှချက်ချင်းအကြည့်လွှဲသွားပြီးနောက် ဂျူနို့ဘက်သို့လှည့်သွား၏။

"သူက ငါ့အစ်ကို"

သင်္ခါက ရှင်းပြသလိုပြောလိုက်တော့မှ ဂျူနိုတစ်ယောက် ရှင်းသွားပုံရကာ အာဏာ့ကိုကြည့်ပြီး ပြုံးပြလာသည်မို့ အာဏာလည်းပြန်၍ပြုံးပြလိုက်မိတော့...

"ဒါဆိုရင်တော့ စောင့်ရှောက်ပေးပါဦးခင်ဗျ"

ပြောရင်း လက်ကမ်းပေးလာသည်မို့ လက်ဆွဲကာနှုတ်ဆက်လိုက်ပြီး…

"အကူအညီလိုရင်လာတောင်းလို့ရပါတယ်"

ပြောလိုက်တော့ ဂျူနိုကရယ်လိုက်ပြီးနောက် သင်္ခါ့လက်မောင်းကိုချိတ်လိုက်ရင်း...

"ကျွန်တော့်ကောင်လေးကိုလည်း စောင့်ရှောက်ပေးကြပါဦး"

"....."

တည်Where stories live. Discover now