အခန်း - ၅၁

104K 5.7K 2K
                                    

Unicode //

နှစ်ဖက်အကြည့်တို့ဆုံသွားကြချိန်တွင် ဘေဘေးတစ်ယောက် မျက်ခုံးတစ်ဖက်ကိုမသိမသာတစ်ချက်ပင့်လိုက်ပြီးမှ ပြုံးပြလိုက်ရင်း နှုတ်ဆက်လိုက်၏။

"တိုက်တိုက်ဆိုင်ဆိုင်...မင်းတို့ချိန်းထားတာရှိလို့လား"

မေးလိုက်တော့ တစ်ဖက်မှနှစ်ယောက်ကလည်းပြန်ပြုံးပြလာပြီး...

"မရှိဘူး...ငါတို့နှစ်ယောက်ပဲ"

အာဏာ့အဖြေကိုထောက်ခံသလိုနှင့် နံဘေးမှသူ့အမျိုးသားကလည်းခေါင်းညိတ်ပြလာသည်မို့ ဘေဘေး အနည်းငယ်တွေးလိုက်မိပြီးနောက် ဟန်မပျက်ရယ်လိုက်ရင်း...

"အင်း မင်းတို့ဘယ်အခန်းယူထားတာလဲ"

"အပေါ်ထပ်မှာ...A-5"

"ဪ ငါတို့က A-3...ဘယ်လိုလဲ...အခန်းပေါင်းမလား...ငါတို့လည်း ချိန်းထားတာမရှိဘူး"

မေးလိုက်တော့ နှစ်ယောက်စလုံး ခေါင်းညိတ်လာကြပြီး...

"ပေါင်းမယ်"

"ပေါင်းတာပေါ့"

ထို့နောက် လေးယောက်သား အပေါ်ထပ်ဆီသို့ ဦးတည်လိုက်ကြသည်။

ဂျပန်ရိုးရာစားသောက်ဆိုင်ဖြစ်သည်မို့ ဆိုင်ထဲဝင်လိုက်သည်နှင့် ဂျပန်တို့၏ အငွေ့အသက်ကိုခံစားရ၏။ ဝန်ထမ်းများအားလုံးက ဂျပန်ရိုးရာဝတ်စုံများကိုသာဝတ်ဆင်ထားကြသည့်အပြင် ဆိုင်အပြင်အဆင်နှင့်အခန်းဖွဲ့စည်းပုံတို့သည်လည်း ဂျပန်နိုင်ငံရှိဆိုင်တစ်ဆိုင်သို့ ရောက်သွားသကဲ့သို့ပင်။

အခန်းထဲရောက်သည်နှင့် မှာစရာရှိသည်များကိုအရင်မှာလိုက်ကြသည်။ ဘေဘေးက ဆာကေးတစ်ပုလင်း(ဂျပန်အရက်)ကို မှာလိုက်ပြီးနောက်...

"ငါတို့အတူစားလို့ရတာထဲက ဘာစားကြမလဲ...ဟော့ပေါ့နဲ့အကင်ထဲကရွေး"

"အကင်"

"အကင်"

မျက်နှာချင်းဆိုင်ရှိနှစ်ယောက်ထံမှအသံက ပြိုင်တူထွက်လာသည်မို့ ဘေဘေးက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး...

"အချစ်ရော"

နံဘေးရှိ Kingကိုလှည့်မေးလိုက်ခြင်း။

တည်Where stories live. Discover now