စားပွဲပေါ်က နာရီနှိုးစက်သံမြည်လာတော့
ကျွန်တော်က နိုးနှင့်နေပြီဒီလိုပါပဲ သိတတ်စအရွယ်တည်းက
၆ နာရီ ပုံမှန်ထခဲ့ရတာမို့ ဒီအချိန်ဆို အတိအကျကို
နိုးလာနေကြရိုးနေပါပြီ ......
နှိုးစက်ကို လှမ်းပိတ်လိုက်ပြီး
ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲ ဝင်လာလိုက်ရင်း
ဘေစင်က မှန်ကို တစ်ချက်ကြည့်ပြီး ပြုံးမိတယ်"အဟင်း ချောလိုက်တဲ့ ငါ "
ရေချိုးခန်းထဲက ပြန်ထွက်လာတော့
ပုခုံးနာချင်နေတာမို့ Gym မသွားတော့ဖို့ ဆုံးဖြတ်ပြီး
ခေါင်းသုတ်နေရင်းနဲ့ အဝတ်လဲခန်းထဲမှာ
ဘာဝတ်ရမလဲ စိမ်ပြေနပြေသွားရွေးနေလိုက်တယ်ခဏအကြာ ပြင်ဆင်ပြီးတော့
ရေမွှေး နည်းနည်းစွတ်ရင်း မနက်စာစားဖို့
အောက်ဆင်းလာတော့ မနက် ၈ နာရီထိုးနေပြီ"Morning သခင်လေး
မနက်စာအဆင်သင့်ဖြစ်ပါပြီ "ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း စားပွဲမှာထိုင်တော့
"၉ခွဲမှာ meeting တစ်ခုရှိပါတယ်
အိမ်ကနေ ၈:၁၅ နောက်ဆုံးထား ထွက်ရပါမယ်
မနက်စာစားဖို့ ၁၀ မိနစ် အချိန်ရ....""ငါမနက်စာစားနေတယ်လေ"
အေးစက်တောင့်တင်းနေတဲ့ မျက်နှာထားကြောင့်
အတွင်းရေးမှူး ကင်မ် အသံတိတ်လိုက်ရသည်မတိတ်လို့လည်း မဖြစ်
လေသံဆို လေသံကအစ ကြောက်ရသည်
ဘာမှလုပ်ပြခဲ့တာမျိုးမရှိသော်လည်း
နေရင်းထိုင်ရင်းကို သူ့နားပတ်ဝန်းကျင်က
ရေခဲမှတ်ရောက်နေသလိုမျိုး အေးတိအေးစက်နဲ့ရယ်"ဘာတွေ တွေးနေတာလဲ ?"
"ဗျ ဗျာ ဘာမှ မဟုတ်ပါဘူး သူဌေး
တောင်းပန်ပါတယ်""ကျစ် မနက်စာစားခဲ့လားမေးနေတာ"
"အော် စားခဲ့ပါပြီခမျ"
"နောက်ဆို ဒီမှာပဲစား"
"ဗျာ ရပါ...."
တစ်ချက်စိုက်ကြည့်ပေးလိုက်တော့မှ
"ဟုတ်ကဲ့ နားလည်ပါပြီ "
မနက်စာစားပြီးတော့ အသင့်ဖွင့်ပေးထားတဲ့
ကားပေါ် တက်လိုက်ပြီးတာနဲ့ ဓာတ်ပြားဟောင်းကြီး
တစ်ဖန် ပြန်ရစ်လာတော့သည်
YOU ARE READING
Art of Loyalty
Fanfiction"ငါအများကြီးချစ်ခဲ့တာကွ သူ့မျက်လုံးလေးတွေ ပွင့်လာတာကိုတောင် အရူးအမူးဖြစ်ရလွန်းလို့ မနက်တိုင်း ထိုင်ငေးခဲ့တာ ပတ်ဂျီမင်းကို ရင်စခုန်ခဲ့တဲ့အချိန်တည်းက သူ့နှုတ်ခမ်းဖူးတွေကအစ အပြုအမူတစ်ခုချင်းစီတိုင်းကို ဒီရင်ဘတ်ထဲ အပြည့်သိမ်းထုတ်ထားခဲ့တာ.... သူမို့လို့...