Ep 11

258 43 0
                                    

"ယွန်းဂီ... မင်းဒီလောက်ပဲ သောက်တော့ ၊
ထမင်းလေး ဘာလေး စားပါဦး"

​"အေး နမ်ဂျွန်း မင်းပြောမှ ငါသတိရတယ်
ကလေးကို ထမင်းလေး သွားပို့လိုက်ပါဦးကွာ
မင်းပဲ သွားပို့နော် ... တခြားသူတွေ ငါစိတ်မချဘူး "

"ဒါဆို မင်းကိုယ်တိုင် သွားပို့လေကွာ...."

"ငါ ..... ငါ့ကိုယ်ငါလည်း စိတ်မချဘူး "

အသံထွက်ရုံလေး ပြောလာကာ
ငိုနေပြန်သော သူငယ်ချင်းလေးသည်
အရက်ကို ရေလို စွတ်သောက်နေပြန်သည် ....။

နမ်ဂျွန်း ရုံးက ပြန်ရောက်တော့
အိမ်အကူကိစ္စတွေပြောရန် လိုက်ရှာတော့
အိမ်ရဲ့ ထပ်ခိုးအခန်းလေးရှေ့ ကြမ်းပြင်ပေါ်တွင်
ကွေးအိပ်ကာ အသည်းအသန်ငိုနေခဲ့တာ ....။

ဘာမှလည်း မေးလို့မရ ... ဂျီမင်းကိုလည်း မတွေ့ ...။

သူ့လက်ကို သူကြည့်ကာ နံရံတွေကို ပြေးထိုးလိုက်
အော်ငိုလိုက်နှင့် အကြီးအကျယ်သောင်းကျန်းကာ
ငြိမ်သွားပြန်တော့လည်း အရက်ပြင်းတွေကို
ရေမရောပဲ ထိုင်သောက်နေပြန်သည် ....။

"ဂျီမင်း မင်းတို့အခန်းထဲမှာပဲမလား ?"

"မဟုတ်ဘူး ငရဲခန်းထဲမှာ ...
မင်းသွားရင် သော့ယူသွား၊ ပြီးရင် သေချာပြန်ပိတ်ခဲ့"

"ဟင် သူက ဘာလို့အဲ့ကို ရောက်နေတာလဲ"

အကြောင်းစုံရှင်းပြလာပြန်တော့
နမ်ဂျွန်း ရင်တွေပူလာရကာ ထမင်းပွဲပြင်ပြီး
သော့ကို ယူလိုက်ရင်း အပေါ်သို့ပြေးတက်လာခဲ့သည်။

သူလည်း ယခုထိ အဝတ်အစားပင် မလဲရသေး....။

အခန်းတံခါးကို ဖွင့်လိုက်တော့ ဂျီမင်းသည်
ကုတင်ပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်နေကာ
ခေါင်းမှာလည်း ပတ်တီးစည်းထားပြီး
မျက်နှာမှာလည်း ဒဏ်ရာတွေနှင့် ....

သူ့ကိုမြင်တော့ အော်ငိုပြီး ပြေးလာတာမို့
ထိန်းထားလိုက်ကာ အကျိုးအကြောင်းထပ်မေးရသည် ...။

"ဟင် အန်ကယ်လ်က ဂျီမင်းရဲ့ အဖေလား?"

"ယွန်းဂီHyung ကို လုံးဝ သွားမပြောပါနဲ့ Hyung၊
ကျွန်တော့်ကို ထွက်ပြေးဖို့ ကူညီပေးပါ
ဒီက ထွက်သွားရမှဖြစ်မယ် ..."

Art of Loyalty Where stories live. Discover now