Ep 8

324 42 12
                                    

ဒီလိုနဲ့ ဂျီမင်းတို့ အတူနေလာကြတာ
သုံးနှစ်ပင် ပြည့်လာခဲ့ပြီ ....

မျက်နှာတစ်ချက်မညှိုးရအောင်
ဂရုစိုက်ချစ်ပေးမှုတွေနှင့် နေ့ရက်တိုင်းဟာ
​ပျော်ရွှင်စရာအတိ.....။

ဘာမှမဟုတ်တဲ့ အသေးအဖွဲလေးတွေမှာ
အကြိုက်ချင်းတူနေတဲ့အခါမျိုး

မနက်စာအတူစားကာ အပြန်အလှန်ခွံ့ကျွေးရင်း
ရယ်မောမိကြတဲ့အခါမျိုး

တချို့ကိစ္စလေးတွေမှာ ကတောက်ကဆဖြစ်ပြီးရင်
​တစ်ယောက်တစ်လှည့် ပြန်ချော့ကြတဲ့ အခါမျိုး

စကားတစ်ခွန်းတည်းကို ပြိုင်တူပြောမိကြတဲ့အခါမျိုး

ထိုကဲ့သို့သော အမှတ်တမဲ့လေးတွေတိုင်းမှာ
သကြားခဲနဲ့ ကျွန်တော်ဟာ တစ်နေ့ထက် တစ်နေ့
ပိုပြီးတော့ နီးစပ်လာခဲ့ကြတယ် ...။

ဒီနေ့က ကျွန်တော်တို့ရဲ့
ချစ်သူသက်တမ်း ၃ နှစ်ပြည့်တဲ့ နေ့မို့
ညဈေးတန်း အတူလျှောက်ကြပြီးရင်
ကြယ်တွေ ကြည့်ရင်း အရက်တူတူ သောက်ကြမှာမို့

ရုံးမဆင်းခင်တည်းက ဂျီမင်းမှာ ဖင်တကြွကြွ...။

အလုပ်လုပ်ရာ 24 hrs mart ရှေ့မှာ
ယွန်းဂီရဲ့ ကားလည်း ထိုးစိုက်လာရော
ပတ်ဂျီမင်းတို့ ပြေးထွက်သွားလိုက်တာများ
အလင်းရဲ့မြန်နှုန်းအတိုင်း ....။

---------------------------------------------

"Hyung သွားမယ် သွားမယ် .... သွားကြမယ်"

ကားရပ်ရပ်ချင်းမှာ အတင်းပြေးလာပြီး
ကားပေါ်တက်လာတဲ့ ကလေးဟာ
တော်တော်လေး စိတ်လှုပ်ရှားနေတဲ့ပုံ ....

"ဖြည်းဖြည်းလာမှပေါ့ ကလေးရယ်
ချော်လဲကုန်မှဖြင့် ဒီကောင်ကြီးရင်ကျိုးရဦးမယ်"

"ဟီး ကျွန်တော်အရမ်း စိတ်လှုပ်ရှားနေတာဗျ"

ခါးပတ်ပတ်ရင်း သွားလေးဖြီးကာ ပြောလာသည့်
အကောင်လေးကို အသည်းယားစွာ ပါးကို
တစ်ချက်ဆွဲညှစ်လိုက်ပြီး

"အမြဲ ချစ်ဖို့ကောင်းနေလိုက်" ဟု ပြောကာ

ကားကိုမောင်းထွက်လာခဲ့လိုက်သည် ....။

Art of Loyalty Where stories live. Discover now