Ep 9

312 40 2
                                    

"မေမေက တစ်ဘဝလုံး သူ့ကိုယ်သူပဲ ကြည့်ခဲ့တာ
သူ့အနာကမှ အနာ .... သူပင်ပန်းခဲ့တာတွေကိုပဲ
ရေဒီယိုအပျက်ကြီးလို တဖွဖွ ရွတ်ပြခဲ့တာ ...

အရမ်းငယ်သေးတဲ့အရွယ်တည်းက
ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့
အမေ့ရဲ့ စံနှုန်းတွေထဲ ပိတ်မိခဲ့တာ ....

ဒါပေမယ့် သူကတော့ သူကြိုက်တာလုပ်တယ်
ယောကျာ်းတွေနဲ့လည်း ရှုပ်တာပဲ
​အချစ်စစ်ဆိုတာမျိုး နူးညံ့မှုဆိုတာမျိုးကို
အမေ့စီကနေ တစ်ခါမှ မသင်ကြားခဲ့ရဖူးဘူး ...

ကိုယ်ရခဲ့တာ အကြောက်တရားတွေချည်းပဲ....။
အမေအရင်းလို လူမျိုးဖြစ်လာမှာကို
ပြန်ကြောက်နေရတာ ဟာသတော့ ဆန်တာပေါ့...။

ယောကျာ်းအသစ်အသစ်တွေကို အိမ်ခေါ်လာပြီး
ကိုယ့်ရှေ့တင် ပွေ့ဖက်နမ်းရှုံ့ပြီး
ရွံစရာကောင်းအောင် နုရွပြနေတတ်တာ

အဲ့တည်းက မိန်းမတွေကို စိတ်ကုန်လာတာပဲ
ချွဲနွဲ့နွဲ့အသံတွေများကြားရင် အန်ပါထွက်တဲ့အထိပဲ .."

အခန်းထဲဝင်လာကြပြီး ကုတင်ခြေရင်းမှာ
ထိုင်နေကြတဲ့အထိ မင်ယွန်းဂီဟာ
စကားတွေ ဆက်ပြောနေခဲ့တုန်း .....။

နီရဲနေတဲ့ မျက်လုံးအိမ်တွေ
လက်သေးသေးလေးတွေကို ဆုပ်ကိုင်ထားပေမယ့်
တုန်ရီနေတဲ့ လက်ချောင်းရှည်တွေ

တစ်ချက် တစ်ချက် ရှိုက်တက်လာတဲ့
အသံတိုးတိုးလေးဟာ ဘယ်လောက်ထိ
ကြိတ်ပြိုလဲခဲ့ရသလဲဆိုတဲ့ အဖြေ....။

"စာတွေ၊ အမေနဲ့ယောကျာ်းတွေရဲ့ပုံတွေ
ပတ်ဝန်းကျင်ရဲ့စကားတွေကြားထဲမှာ
ကိုယ်လူတွေကို ကြောက်လာတယ် ....။
လူတွေကို အနားမှာ ရှိနေစေချင်တဲ့
တစ်ချိန်တည်းမှာပဲ
တစ်ယောက်တည်း နေချင်ခဲ့တာ ...
အားလုံးနဲ့ဝေးရာထွက်သွားချင်နေတုန်းမှာပဲ
လက်ကို ဆွဲထားပေးမယ့် တစ်စုံတစ်ယောက်ကို
မျှော်လင့်နေခဲ့တာ .....
ရင်ဖွင့်ချချင်ပေမယ့် အသံထွက်ရမှာကိုတောင်
ပင်ပန်းနေခဲ့ရတာ ...."

Depression ဆိုတာက Deep Rest လို့
ပြော​ကြပေမယ့် အိပ်နေရင်းတောင် အကြိမ်ကြိမ်
ပြန်မြင်လာရလွန်းလို့ လန့်နိုးရလွန်းလို့
အရာအားလုံးမေ့ပစ်ဖို့တောင်
သေလောက်အောင်ကို ကြိုးစားခဲ့ရတာ ....။

Art of Loyalty Where stories live. Discover now