Extra

353 25 9
                                    

တကယ်ဆို ကြက်ပုစိလေးကို ရင်ခွင်ထဲမှာ လုံလုံခြုံခြုံလေး ပြန်ထုပ်သိမ်းခဲ့ပြီးတဲ့ နေ့ရက်တွေမှာပဲ ဒီဇာတ်လမ်းကို အဆုံးသတ်ပြီး လှလှပပနေ့ရက်တွေထဲမှာ ကလေးငယ်နဲ့အတူ နေထိုင်ဖို့ ဆုံးဖြတ်ထားခဲ့တာ...။

ဒါပေမဲ့ သုံးစားမရတဲ့ စာရေးဆရာမက ဇွတ်အတင်းတွေ
လွမ်းပါတယ်ဆိုပြီး The myth ကို လာရှာလိုက်၊
အိမ်တံခါးကို လာခေါက်လိုက်နဲ့ စာအုပ်အိမ်ကလေးထဲက
နမ်ဂျွန်းကိုတောင် အေးအေးဆေးဆေးနေခွင့်မပေးပဲ
ဆက်တိုက် နှောင့်ယှက်နေလို့သာ ဒီခရီးကို ထွက်ပါမယ်လို့
ကတိပေးလိုက်‌ရပေမယ့် စိတ်ထဲက သိပ်တော့ အလိုမကျ။

ကလေးငယ်ကတော့ အစက ခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်လည်း ကူလီကူမာ စာရေးဆရာမရဲ့ နူးနူးညံ့ညံ့သမိုင်းကြောင်းလှလှလေးထဲက ချယ်ရီပွင့်ကလေးရဲ့ အကြောင်းကို အခမ်းနားဆုံးရေးဖွဲ့ပေးပါမယ် ဆိုတဲ့ စကားမှာ ရာနှုန်းပြည့်ကို လှည့်စားခံလိုက်ရတော့တာပဲ။

ဟိုဆော့တို့အတွဲကလည်း သူတို့ကို ချစ်စရာကလေးလေးတစ်ယောက်ကို မွေးစားခွင့်ပေးပါမယ် ဆိုတဲ့စကားမှာ
အပြည့်အဝကျဆုံးပြီး ခရီးစားရိတ်အကုန်အကျခံကာ ဒီပင်လယ်ခရီးတစ်ခုလုံးကို စပွန်ဆာပေးလိုက်သည်အထိပဲ။

ဆိုတော့ ဒီလိုနဲ့ပဲ ကြက်ပုစိလေးကို ရင်ခွင်ထဲထည့်ပြီး
ကမ္ဘာပေါ်က အလှပဆုံးကျွန်းစုလေးစီကို ရောက်လာခဲ့တယ်ပဲ ဆိုကြပါစို့ ...။

______________________________

"Hyung လုပ်ပုံက အဓိပ္ပာယ်ကို မရှိဘူး !
ကျွန်တော့်ကို အလေးမထားတာပဲ အဲ့ဒါ"

"မဟုတ်ပါဘူး ကလေးငယ်ရယ်
ကိုယ်က ပုဇွန်ကင်ကို ကြည့်နေတယ်လို့မှ မထင်မိပဲ ...
အဲ့နောက်က အရုပ်ဆိုင်ကို ကြည့်နေတယ်ထင်လို့
ဘာရုပ်လိုချင်မှန်းမသိတာနဲ့ တစ်ဆိုင်လုံးဝယ်ပေးတာပါ "

"တော် !! မင်ယွန်းဂီတို့က လုပ်လိုက်ရင်
အလွန်အကျူးတွေချည်းပဲ ...
မသိလည်း မေးရောပေါ့ စွတ်ဝယ်ရလား !
ကမ်းခြေလာပြီး ဒီအရုပ်တွေ ဘာလုပ်ဖို့ လိုချင်ရမှာတုန်း"

"surprise ဖြစ်စေချင်လို့ပေါ့ ကလေးငယ်ရယ် ..."

လက်ထပ်ပြီးခါစ ပန်းနုရောင်နေ့ရက်တွေမှာ
ပင်လယ်ပြာကြီးကို နောက်ခံထားပြီး
ချစ်စကားတွေပြောရင်း ကြည်နူးရမယ့်အစား
ကြက်ပေါက်ကလေးက ခြေဆောင့်နေတာမို့
သကြားခဲလေးက လိုက်ထိန်းသိမ်းနေရလေသည်။

Art of Loyalty Where stories live. Discover now