Ep 4 (pt-1)

315 50 14
                                    

အလုပ်ဖြုတ်ချင်လို့ ကုန်တိုက်ဝယ်လိုက်မိတာ
မြွေတွေ ရှယ်ပလန်နဲ့ ကိုက်တော့တာပဲ ....

ယားလို့ပင် မကုတ်အား အဲ
ယားချိန်တောင် မရှိဆို ပိုမှန်လိမ့်မည် ....။

သုံးရက်လောက် ကြုံးရုန်းလုပ်လိုက်ပြီးကာမှ
စာရင်း အင်းပိုင်း နိုင်နိုင်နင်းနင်း နားလည်သွားသည်၊
ဒီနေ့တော့ ကျွန်တော်ကုမ္ပဏီမသွားဘူး
အိမ်မှာလည်း မနေဘူး ....၊

ကျွန်တော် အပြင်ထွက်လည်မှာ ....။

ဒီရက်ပိုင်းမှာ ကုန်တိုက်ကိစ္စတွေပါ
ပိုလုပ်ရတာမို့ အရမ်းပင်ပန်းတယ်လေ
ကော်ဖီဆိုင်မထိုင်ဖြစ်တာ သုံးရက်ကြီးများတောင်
ရှိနေပြီ ....။

ဒါကြောင့် ပိုပင်ပန်းတာလားတော့ မသိဘူး
ကျွန်တော်တော့ ကော်ဖီစွဲနေပြီ ထင်ပါရဲ့ ..... ။

အပြင်လည်မှာဆိုတော့ ပေါ့ပေါ့ပါးပါး
ရှပ်ခရမ်းရောင် ပျော့ပျော့လေးကို
ဂျင်းဘောင်းဘီအမည်းလေးနဲ့ တွဲဝတ်လိုက်တယ်

ဟင့်အင်း... လူကြီးဆန်နေသေးတယ်...။

သွား အခန်းထောင့်ကို ..... ။

ဒီလိုနဲ့ နောက်ဆုံးမှာတော့

တီရှပ်အနက်ရောင် ခပ်ကြီးကြီးကို
ဂျင်းဘောင်းဘီ အနက်ရောင် အပြဲလေးထဲ
ထည့်ဝတ်လိုက်ပြီး ရိုးရိုးရှင်းရှင်း ခါးပတ်လေး
ပတ်လိုက်တော့ ခါးသိမ်သိမ်လေးနဲ့
အရမ်းကိုမှ လိုက်ဖက်နေခဲ့သည်.......။

မှန်ထဲမှာ လှည့်ပတ်ကြည့်လိုက်ရင်း

"ကြည့်ကောင်းလိုက်တဲ့ ငါကွာ"

ဒူးဆစ်နီးပါးလောက်ရှိနေတဲ့ အဝတ်ပုံကို
တစ်ချက်ပဲကြည့်ပြီး အဝတ်လဲခန်းတံခါးကို
ပိတ်လိုက်သည် ......။

ကား​သော့လေးလှည့်ကာ အောက်ဆင်းလာရင်း
ဘယ်သွားရမလဲ ကြိုတွေးလိုက်တော့

"ဟုတ်တယ် မနက်ခင်းအားဖြည့်ဖို့
ကော်ဖီသွားသောက်ရမယ် "

--------------------------------------------

ဒီနေ့ ဆိုင်မှာ လူရှင်းနေတာမို့
ဂျီမင်း ထောင့်စွန်းဝိုင်းလေးမှာ ထိုင်ရင်း
ဟိုဟိုဒီဒီ တွေးနေမိသည် ...။

Art of Loyalty Unde poveștirile trăiesc. Descoperă acum