"မင်းပြောစမ်း
ငါ့မှာ မလုံလောက်တာ ဘာတွေများရှိလို့
ငါ့စီကနေ မပေးနိုင်တာဘာတွေရှိနေလို့ ဖောက်ပြန်ရတာလဲ""ကျွန်တော်မှ Hyung ကို မချစ်ခဲ့တာ"
နာကျင်စေခဲ့တဲ့ စကားလုံးတွေက
စေတနာတွေ အပြည့်နဲ့ပါဆိုရင် အော်ရယ်လေမလားအနာဂတ်လှလှတွေကို ကိုယ့်လက်နဲ့
ဖျက်ဆီးပစ်ဖို့လောက်ထိ သတ္တိတွေ မရှိဘူး
ကောင်းကင်လို လှပတဲ့ Hyung အတွက်
ကျတော်က တိမ်စိုင်တွေလို ဖြစ်တည်မှုမျိုး မဟုတ်ဘူး ....ပြီးတော့ ကျွန်တော်တို့က ပေါင်းစပ်လို့မရဘူး ...။
မေ့လိုက်ပါ
ကောင်းကင်ရဲ့အလှကို ပြည့်စုံစေမယ့်
တိမ်စိုင်နွေးနွေးတစ်ခုကို ရွေးချယ်ပြီး ပျော်နေပေးပါ ၊ရင်ကွဲရကျိုးတွေ နပ်အောင်
Hyung က အများကြီးပျော်ရွှင်နေပေးပါ ......။အချိန်တွေကြာရင်တော့ မေ့သွားမှာပါ ....။
မချစ်ခဲ့ပါဘူး တဲ့
နွေရာသီမှာ ပျော်ပွဲစားအတူထွက်
မိုးရေတွေကြားမှာ ထီးတစ်ချောင်းနဲ့ လျှောက်ပြေး၊
ပထမဆုံးနှင်းကို အတူကြည့်ခဲ့ကြရင်း
စောင်ဖြူဖြူအောက်မှာ ရူးရူးမူးမူးနမ်းခဲ့တဲ့
ညတွေအပြီးမှာ ဒီကောင်လေးက "မချစ်ခဲ့ပါဘူး" တဲ့။"မဖြစ်နိုင်တာတွေ မပြောစမ်းနဲ့ Park jimin
အလကား ပေါက်လို့ပဲစား စကားတွေ""ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတာပဲ"
"မင်းကို ငါယုံပေမယ့် မချစ်ဘူးဆိုတဲ့ စကားကိုတော့
သေတဲ့အထိ ငါမယုံဘူး ""ကျွန်တော် Hyung ကို ချစ်တယ်လို့ ပြောခဲ့ဖူးလို့လား? "
ဟုတ်ပါရဲ့ ....။
သုံးနှစ်တာပတ်လုံး ဒီကောင်လေးဟာ
ဘယ်လိုမေးမေး ဒီစကားကို တစ်ခါမှ ထုတ်မပြောခဲ့ဖူး
ကိုယ်ကသာ တဖွဖွပြောရင်း ပါးတွေကို
ဖိကပ်နမ်းပစ်ခဲ့တာ ....
ရှက်လို့ ထုတ်မပြောခဲ့တာပဲ လို့ တွေးထားခဲ့တာ ...။မင်းဆောင်နေကျ ဓားနဲ့သာ ပြေးထိုးလိုက်ပါတော့လား Park Jimin ရဲ့ ။
"မဟုတ်ဘူး လုံးဝမဖြစ်နိုင်ဘူး
မင်းငါ့ကို မချစ်ဘူးဆိုတာ မဖြစ်နိုင်ဘူး
ဒီသုံးနှစ်လုံး ဘာတွေများ လိုလေသေးရှိခဲ့လို့လဲ
ငါ့ကို တစ်ခါလေးတောင် မချစ်ခဲ့ဘူးလား?"
YOU ARE READING
Art of Loyalty
Fanfiction"ငါအများကြီးချစ်ခဲ့တာကွ သူ့မျက်လုံးလေးတွေ ပွင့်လာတာကိုတောင် အရူးအမူးဖြစ်ရလွန်းလို့ မနက်တိုင်း ထိုင်ငေးခဲ့တာ ပတ်ဂျီမင်းကို ရင်စခုန်ခဲ့တဲ့အချိန်တည်းက သူ့နှုတ်ခမ်းဖူးတွေကအစ အပြုအမူတစ်ခုချင်းစီတိုင်းကို ဒီရင်ဘတ်ထဲ အပြည့်သိမ်းထုတ်ထားခဲ့တာ.... သူမို့လို့...