Ep 15

297 36 1
                                    

ဒီနေ့တော့ ဆော့ဂျင် ဘူဆန်ကိုရောက်နေသည်။

ဂျီမင်းကို သတိရတာရယ် ...၊
အီတလီသွားမှာမို့ ဘာမှာဦးမလဲ မေးလိုတာကြောင့်
နမ်ဂျွန်းနဲ့ အတူ ရောက်လာကြခြင်း ...။

ဆော့ဂျင်တို့ ကားက ခြံထဲဝင်လာတော့
ဆွယ်တာဝါဝါလေးဝတ်ထားတဲ့ ဂျီမင်းက
အိမ်ထဲက ပြေးထွက်လာပြီး
ဝမ်းသာအားရ ကြိုရှာသည်....။

ပိန်သွားလိုက်တာ .....
တော်တော်လေးကို ပိန်ကျသွားခဲ့တာ .....။

"ဂျီမင်းလေး အစားရော ပုံမှန်စားရဲ့လား?"

"ဟုတ် စားပါတယ် Hyung"

"ဂျီမင်း အသားတွေဖြူလာတာပဲ"

"ကျေးဇူး နမ်ဂျွန်း Hyung...၊
လာလေ အိမ်ထဲဝင်ကြ ခရီးပန်းလာကြမှာပေါ့ ၊
ကျွန်တော် အခန်းပြင်ထားတယ် နားလိုက်ကြဦး ...."

​အိမ်ထဲအတူဝင်လာကြပြီးနောက်မှာ
ဂျီမင်းက သူတို့နေဖို့အခန်းကို လိုက်ပြပြီး
ခဏနေ ထမင်းစားဖို့လာခေါ်မယ်ဟု ပြောတာကြောင့်
ကိုယ့်အခန်းထဲ ကိုယ်ဝင်ကာ အရင်နားလိုက်ရသည်။

ရေမိုးချိုးပြီးတော့ အနည်းငယ်စပ်စုလိုတာကြောင့်
ဆော့ဂျင် အခန်းထဲမှထွက်ကာ ဂျီမင်းအား အိမ်ကို
ဟိုဟိုဒီဒီ လျှောက်ပြခိုင်းရသည်။

"Hyung ဒါက ဝရန်တာလေ...
ရှုခင်း မိုက်တယ်မလား ?"

ပင်လယ်ပြင်ကို အရှင်းလင်းဆုံး အပေါ်စီးမှ
မြင်နေရကာ ဆားနံ့သင်းသော
ပင်လယ်လေတဖြူးဖြူးနဲ့မို့ နေလို့ထိုင်လို့
ကောင်းလှသည်။

ခေါင်မိုးမရှိပဲ အပေါ်ဆုံးထပ်ကို Rooftop ပုံစံမျိုး
ဝရန်တာလေး လုပ်ထားတာမို့
ညနေဘက်တွေမှာ အမြဲနေဝင်ချိန်ကြည့်ရင်း
ပင်လယ်ကို ငေးလို့ရမယ့် နေရာကောင်းလေး ....၊

နမ်ဂျွန်း သေချာ ရွေးဝယ်ပေးထားပုံ ရပါသည်။

အိမ်က အဖြူရောင်လေးကိုမှ
ပြတင်းပေါက်ဘောင်တွေ အိမ်တိုင်လေးတွေကို
အနက်ရောင်လေးတွေ သုံးထားတာကြောင့်
အိမ်လေးက ဖြူသန့်ပြီး လင်းထွက်နေသည် ...။

​ခေါင်မိုးထပ်ကလေးမှာ ဆိုဖာဖြူဖြူလေးတွေ
ချထားပြီး သစ်သားစားပွဲဝိုင်းလေး တစ်ခုရှိကာ
ဝရန်တာ လက်ရန်းတွေမှာ မီးကြိုးလေးတွေ
ဆင်ထားပြီး ထောင့်လေးထောင့်မှာ
မီးအိမ်လှလှလေးတွေ ရှိနေပြန်တာမို့
ညဘက်ဆိုရင်တောင် လင်းလင်းထင်းထင်းရှိပြီး
ဝိုင်သောက်လို့ ကောင်းမှာသေချာပါသည်...။

Art of Loyalty Waar verhalen tot leven komen. Ontdek het nu