Final

576 38 18
                                    

ဒီနေ့ အိမ်ကို ဆိုးလ်က လူတွေရောက်လာပြီး
Namjoon hyung တို့နဲ့ ဘာတွေပြောနေမှန်းမသိ၊
တိုးတိုး တိုးတိုး လုပ်နေကြပြီး ခဏနေတော့
ချက်ချင်း ပြန်သွားကြသည်၊
နေ့လည်စာပင် စားမသွား...။

"Namjoon hyung ...
ဝန်ထမ်းတွေက ပြန်ပြီလား ?
ထမင်းကျွေးမလို့ဟာကို"

"ပြန်ပြီ ဂျီမင်းရဲ့
ကိစ္စလေးရှိလို့ ခဏလာကြတာ "

ပြောပြီးတာနဲ့ အထဲကို ပြေးဝင်သွားပြန်သည်။

ဒီရက်ပိုင်း ဆော့ဂျင် Hyung နဲ့လည်း
နှစ်ယောက်သား ဘာတွေကြိတ်ပြီး
ကြံစည်နေသလဲမဆိုနိုင်...၊
မိမိနဲ့လည်း စကားသိပ်မပြောကြ ...။

တော်ပါပြီ မတွေးတော့ဘူး၊
ကိုယ့်ဟာကိုယ် ခေါင်မိုးထပ်မှာ
အရက်သွားသောက်နေတာပဲ ကောင်းတယ်၊
လွမ်းရတဲ့အထဲ သူတို့အကြောင်းကို
လိုက်မစဉ်းစားနေနိုင်ပါဘူး။

ထုံးစံအတိုင်း အရက်ပုလင်းနဲ့ ခွက်လေးကို
ပိုက်ပြီး ခေါင်မိုးထပ်ကို တက်သွားမည်၊
ပင်လယ်ကို ငေးရင်း အရက်သောက်မည်၊
ပြီးရင် လက်က တက်တူးကိုကြည့်ပြီး
တောင်းပန်ပါတယ်ဟု အကြိမ်ကြိမ်ပြောဦးမည်။

လွမ်းမြဲ လွမ်းနေရခြင်းသည်
အချိန်ကြာသော်လည်း ပုံစံတွေ ပြောင်းမသွားခဲ့ပဲ
နေ့တိုင်း ရက်တိုင်းမှာ ဒီလိုပုံစံလေးပဲ ....။

              ______________________

ဘူဆန်က ကိုယ်တော်ချောက
အရက်သောက်နိုင်သေးပေမယ့် အီတလီမှာတော့
အရက်ပင် မသောက်နိုင်တော့ပါ၊

အားတိုင်း ခေါက်ဆွဲပြုတ်ပဲ စားနေတော့တာ ...။

​ဟိုဆော့ခမျာမှာလည်း
ခေါက်ဆွဲပြုတ်ပေးခဲ့မိတာ မှားလေခြင်း ဟု
​အေယ်ဟစ်နေရုံမှတစ်ပါး မတတ်နိုင်ခဲ့။

ငိုမြဲ ငိုသည်၊
ဝရန်တာမှာ ထိုင်ပြီး ငေးမြဲ ငေးသည်၊
တစ်ခါတလေ ဟိုဆော့ကိုခေါ်ပြီး
စကားတွေပြောတတ်သလို
ဂျီမင်းနဲ့ အတူသွားခဲ့ဖူးတဲ့နေရာတွေကို
လျှောက်ကြည့်တတ်သည်။

အိပ်မက်တွေလည်း မက်မြဲမက်သလို၊
နိုးလာတာနဲ့ လွမ်းမြဲ ဆက်လွမ်းရှာသည်။

Art of Loyalty Where stories live. Discover now