နှစ်လလောက် ကြာပြီးမှ ကော်ဖီပြန်သောက်ရမှာမို့
ရင်တွေ တုန်နေပြန်သည်....။ကော်ဖီမသောက်တာ ကြာသွားလို့များလား ?
---------------------------------------------
ဂျီမင်း အလုပ်လုပ်ရတာ စိတ်မပါခဲ့တာ ကြာပြီ
ဘယ်သူနဲ့မှလည်း မတွေ့ချင်သလို
စိတ်တွေလည်း တိုပါသည် ...။ဒီတစ်ခါ ပြန်ပေါ်လာကြည့် ဆွဲထိုးပစ်မယ် -
"ကလင်လင်"
တွေးလို့ပင်မဆုံးခင် ဆိုင်တံခါးသံကြားလိုက်တာမို့
စိတ်မပါစွာ ထရပ်လိုက်ရင်း ကြည့်မိတော့"ကြိုဆိုပါ....တယ်"
ထိုင်နေကျ နေရာကို ဝင်သွားပြီး
အားရပါးရပြုံးပြနေတာက ပေါ်တော်မူ ရွှေသကြားခဲ..."အမေရိကာနိုနဲ့ လိမ္မော်သီးကိတ်လေး ပေးပါ"
"ခဏစောင့်" ဟုပြောလိုက်ပြီး
ကောင်တာတွင် ကော်ဖီလာဖျော်နေလိုက်သည် ။ပါးလေးတွေ ပိုဖောင်းလာတာပဲ
ဖက်ထုပ်ကလေးကျနေတာပဲ လုံးလုံးလေး ...
မျက်လုံးလေးက ပိုကျဉ်းသွားသလိုပဲ
အသားလေးတွေ ပိုဖြူလာတယ် ပိုပြည့်လာတယ်..။စာရွက်ခေါက်လေးထည့်ကာ မှာထားတာတွေ
ယူလာပေးရင်း မျက်လုံးကျွတ်ကျမတတ်ကြည့်ကာ
ပြောင်းလဲသွားမှုလေးတွေကို ရှာနေမိသည်...။ထို့နောက် မျက်ရည်တွေ ဝဲတတ်လာရတာမို့
ဗန်းကိုသာ အမြန်ချပေးခဲ့လိုက်ရသည်....။--------------------------------------------
ကြက်ပုစိလေးက ပိုသေးသွားတာပဲ
မျက်နှာလည်း မကောင်းဘူး ....
ပါးဖောင်းဖောင်းလေးတွေ ပျောက်သွားတယ် ...
အာ မေးရိုးကြီပေါ်လာပြီး နှုတ်ခမ်းလေးပိုထူလာတာပဲ
ဒီနေ့ မျက်ကပ်မှန်တပ်လာတာပါလား ....ကိုယ့်ကြက်ပုစိလေးက ဘာမှမပြောင်းလဲဘူး
ချစ်စရာပိုကောင်းလာတယ်....။အပြုအမူလေးတွေ မှတ်သားနေရင်း
ရင်တွေခုန်လာတာမို့ ကော်ဖီယူသောက်လိုက်တော့ဟင် စာရွက်ခေါက်လေးတစ်ခု ...။
လူပိစိကို လှမ်းကြည့်တော့ မေးငေါ့ပြတာနဲ့
ဖွင့်ဖတ်ကြည့်လိုက်သည် ....
YOU ARE READING
Art of Loyalty
Fanfiction"ငါအများကြီးချစ်ခဲ့တာကွ သူ့မျက်လုံးလေးတွေ ပွင့်လာတာကိုတောင် အရူးအမူးဖြစ်ရလွန်းလို့ မနက်တိုင်း ထိုင်ငေးခဲ့တာ ပတ်ဂျီမင်းကို ရင်စခုန်ခဲ့တဲ့အချိန်တည်းက သူ့နှုတ်ခမ်းဖူးတွေကအစ အပြုအမူတစ်ခုချင်းစီတိုင်းကို ဒီရင်ဘတ်ထဲ အပြည့်သိမ်းထုတ်ထားခဲ့တာ.... သူမို့လို့...