Ep 7 (pt 2) 🚨

506 37 3
                                    

ကျွန်တော်တို့ အိမ်ပြန်လာရင်းနဲ့
သူကြိုက်တတ်တာတွေ ဝင်ဝယ်ခဲ့လိုက်သည်...။

ကျွန်တော် လက်စွမ်းပြတော့မယ်လေ .....

ဒီကလေးရဲ့ ပါးဖောင်းဖောင်းလေးတွေ
ပြန်ပေါ်လာရေး တို့အရေးပဲ .....။

အိမ်ကို ပြန်ရောက်တော့ လူပိစိက အပေါ်ထပ်မှာ
အဝတ်တွေ နေရာသွားချတုန်း
ယွန်းဂီက မီးဖိုထဲမှာ ကောင်းနိုးရာရာလေးတွေ
ပြင်ဆင်ချက်ပြုတ်နေလိုက်သည် .....။

ဂျီမင်း အပေါ်ထပ်က ပြန်ဆင်းလာတော့
မီးဖိုခန်းထဲ တန်းသွားကာ Hyung ရဲ့ ခါးကို
ဖက်ကာ မှီထားလိုက်ရင်း

"Hyung ... ချက်လို့ ပြီးသေးဘူးလား?"

"အင် ဒီဟင်းရည်လေး ပွက်ရင်ရနေပါပြီ
ကလေးက ဗိုက်ဆာနေပြီလား ?"

"ဟင့်အင်း ... Hyung နဲ့ ရုပ်ရှင်ကြည့်ချင်လို့
မြန်မြန်စားပြီးရင် မြန်မြန်ကြည့်ကြမယ်"

"အင်းပါ အင်းပါ ... ခဏလေးပဲ
လာ ... ချီထားမယ် ၊ မှီထားပြီးစောင့်နေ " ဟု ဆိုကာ

သူ့ဘက်လှည့်လိုက်တော့ လည်ပင်းကို သိုင်းဖက်ကာ
ချက်ချင်းခုန်တက်လာပြီး ခြေထောက်တွေနဲ့
ခါးကို ချိတ်တွယ်လာသည်မို့

အလိုက်သင့်လေးထိန်းပြီး ချီထားလိုက်တော့
ရင်ဘတ်ကို မှီချလာကာ
ကြယ်သီးလေးတွေကို ဆော့နေပြန်သည် ....။

"Hyung "

"ဗျာ....အု"

ရုတ်တရက်ကြီး ကောက်နမ်းလိုက်တဲ့ လူပိစိဟာ
စက္ကန့်တချို့ကြာပြီးမှ ပြန်လွှတ်ပေးကာ

"အပင်ပန်းခံလို့ ဆုချတာ..." ဟု ပြောတော့

"ဒါဆို ချီထားပေးတာအတွက် ကျန်သေးတယ်"

ခပ်ထူထူ အောက်နှုတ်ခမ်းတွေကို
မညှာမတာပဲ စုပ်ယူပြီး နမ်းနေလိုက်တော့
ခဏအကြာမှာ ပြန်တုံ့ပြန်လာတဲ့ ကလေးငယ်ကြောင့်
ဟင်းချက်ရင်း တန်းလန်း လွင့်နေရပြန်သည် .....။

ဒီလိုနဲ့ မိနစ်တချို့ကြာတဲ့အထိ
ပတ်ဂျီမင်းဟာ လိုလိုလားလား ဆုချခဲ့ပါသည် ......။

---------------------------------------------

ချက်လက်စတွေ အားလုံးပြီးသွားတော့
ထမင်းလက်ဆုံစားကြသည်....။

Art of Loyalty Dove le storie prendono vita. Scoprilo ora