ဒီလိုနဲ့ မင်ယွန်းဂီတို့ နာမည်ပြောင်းခဲ့တာ ကြာပြီ
အားချောင်း တဲ့ ....။
တကယ်ပြောတာ ၊
မနက်ဆို ပုခုံးနာနေရင်တောင် ကော်ဖီဆိုင်တော့
ရောက်အောင်သွားတယ် ...။နေ့လည်ဆိုလည်း The Myth မှာမှ
ထမင်းမစားရရင် ကြောင်ကြီးလည်လိမ်ထားသလို
အဲ့တစ်နေ့လုံး ကင်မ်နမ်ဂျွန်းတို့ခမျာ
အသက်တောင် မရှူရဲ ....။တစ်ခါက အလုပ်တွေရှုပ်နေလို့ စေတနာနဲ့
စားချင်တာပြောပါ သွားဝယ်ပေးမယ်ပြောတာကို
ကုန်းအော်ခံခဲ့ရပြီးတည်းက မှတ်သွားတာ ...။ညနေဆိုလည်း ရုံးမှာ လုပ်စရာရှိရှိ မရှိရှိ
၆နာရီခွဲဆို The myth အောက်ထပ်က
စားသောက်ဆိုင်မှာ ညစာစားလိုက်ရမှ ....။ပြီးရင် အိမ်ပြန်လာပြီး ဖင်ပူအောင် မထိုင်
ပြင်ဆင်ပြီး 9 နာရီထိုးတာနဲ့ ကားထွက်မောင်းရမှ...။ရက်ကနေ လတွေ ပြောင်းလာလည်း
မင်ယွန်းဂီတို့ ချောင်းမြဲ ချောင်းဆဲ
ချောင်းလို့ကောင်းနေဆဲ ....။ဒါပေမယ့် ဘယ်သောအခါမှ ဝန်မခံ ...။
---------------------------------------------
ဂျီမင်း သတိထားမိနေတာကြာပြီ ....
အဲ့သကြားခဲ မနက်တိုင်း ဆိုင်ကိုလာပြီး
ခိုးခိုးကြည့်နေတာ ငါးလလောက်ကို ရှိနေပြီ ...။မိုးရွာလည်း လာသည် ...။
နှင်းတွေကျနေလည်း လာသည်....။အမြဲလိုလို အနားမှာတွေ့နေရသော်လည်း
လူကို ထိုင်ပဲကြည့်နေသည် ၊ ဘာမှဆက်ဖြစ်မလာ ..။
သူ့အနားကို သွားပြန်ရင်လည်း မျက်လုံးကြီးပြူးပြီး
ကယောင်ကတမ်းတွေ လုပ်နေပြန်သည်...။ဒီနေ့တော့ သေချာပေါက် တစ်ခုခုပြောမှကို
ဖြစ်တော့မယ် ဟု တွေးကာ လုပ်စရာရှိတာ လုပ်ရင်း
ထိုင်စောင့်နေလိုက်သည်...။တစ်နာရီ ....
နှစ်နာရီ .....
သုံးနာရီ .....လူတွေ အများကြီး ဝင်လာတယ်
အသီးသီး ပြန်ထွက်သွားကြတယ် ....၊သူကတော့ ရောက်မလာ ....။
ဂျီမင်း အလုပ်ချိန်ပြီးလို့ ကုန်တိုက်သွားတဲ့အထိ
သူလုံးဝရောက်မလာခဲ့ပါ ...။
![](https://img.wattpad.com/cover/290114420-288-k696708.jpg)
YOU ARE READING
Art of Loyalty
Fanfiction"ငါအများကြီးချစ်ခဲ့တာကွ သူ့မျက်လုံးလေးတွေ ပွင့်လာတာကိုတောင် အရူးအမူးဖြစ်ရလွန်းလို့ မနက်တိုင်း ထိုင်ငေးခဲ့တာ ပတ်ဂျီမင်းကို ရင်စခုန်ခဲ့တဲ့အချိန်တည်းက သူ့နှုတ်ခမ်းဖူးတွေကအစ အပြုအမူတစ်ခုချင်းစီတိုင်းကို ဒီရင်ဘတ်ထဲ အပြည့်သိမ်းထုတ်ထားခဲ့တာ.... သူမို့လို့...