Ep 7 (pt-1)

326 41 5
                                    

နှိုးစက်မမြည်ခင် နိုးလာတဲ့ မနက်တွေထဲမှာ
ဒီမနက်က အကောင်းဆုံးပဲ ....

ချစ်ရတဲ့ လူပိစိလေးက ကိုယ့်လက်မောင်းကို
ခေါင်းအုံးပြီး လက်သေးသေးလေးက ခါးပေါ်မှာ ...

မညှာမတာ ဖိအိပ်ခံနေရတဲ့
ပါးဖောင်းဖောင်းလေးကြောင့် နှုတ်ခမ်းထူထူလေးက
စူထော်နေပြန်သေးသည်....။

ချစ်တယ် .....
မျက်ခွံမို့မို့လေးတွေကိုရော
မျက်တောင်စင်းစင်းလေးတွေအထိ ချစ်တယ် ...

နှာခေါင်းလုံးလုံးလေးရယ်
ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုလည်း ချစ်တယ်

ဆုတောင်းကောင်းလွန်းတဲ့ ဒီနှုတ်ခမ်းတွေကို
ဖန်ဆင်းစဉ်က အလှနတ်ဘုရားတွေ
အတော်အလုပ်ရှုပ်ခဲ့လောက်ပါသည် ....။

မျက်နှာပေါ်က မွှေးညှင်းနုလေးတွေကအစ
အသက်ရှူသံတိုးတိုးလေးအဆုံး အရာအားလုံးဟာ
ရင်ခုန်သံတွေ မြန်လာစေဖို့ လုံလောက်လွန်းတယ်

ဒီဆံပင်ပျော့ပျော့လေးတွေစီက လာတဲ့
ရှန်ပူနံ့သင်းသင်းလေးဟာ
တစ်သက်လုံး ထပ်ခါ ထပ်ခါ ရွတ်ဆိုနေချင်တဲ့
ကျွန်တော့်ရဲ့ ကဗျာ ....။

​နဖူးလေးကို ဖိနမ်းလိုက်တာကြောင့်
လူးလွန့်သွားတာလေးကိုလည်း အသည်းယားမဆုံး၊
ကြည့်နေရုံနဲ့ ရင်ဘတ်ကြီးထဲ ပြည့်နင့်လာအောင်ကို
ချစ်ရလွန်းသည် ....။

ဒီကလေးကို ရင်ခုန်ရင်းနဲ့ နိုးထလာရတဲ့
မနက်ခင်းတိုင်းဟာ ပြီးပြည့်စုံခြင်းရဲ့ အဓိပ္ပာယ်ပဲ...။

ရင်ခွင်ထဲ တိုးဝင်လာပြန်တဲ့ ပိစိလေးဟာ
မကြာခင်နိုးလာတော့မှာ ....

အဲ့ခါကျရင် ပြတင်းပေါက်လေးနှစ်ချပ်
ပွင့်လာလိမ့်မယ် ....၊

အဲ့ပြတင်းပေါက်လေးတွေထဲကို လှမ်းကြည့်လိုက်ရင်
ကျွန်တော့်အနာဂတ်ရဲ့ အရာရာကို တွေ့ရလိမ့်မယ် ...။

ဟော .... နိုးလာပြီ
မျက်လုံးလေး မပွင့်တပွင့်လုပ်နေတဲ့ ကောင်လေးရဲ့
ဆံပင်လေးတွေကို သပ်ပေးလိုက်ရင်း

"Morning ပါ ကလေးငယ်"

"အင်း .... Mornee Hyung "

အိပ်ချင်မူးတူးနဲ့ သံရှည်ဆွဲပြောကာ ရင်ခွင်ထဲ
ပြန်တိုးဝင်လာတဲ့ ပိစိလေးကို အသည်းယားစွာ
တစ်ချက်ရယ်လိုက်ပြီး ပြန်ဖက်ထားလိုက်သည် ...။

Art of Loyalty Where stories live. Discover now