ခေါင်းလောင်းသံတွေ ကြားနေရတယ် .....
ပြီးတော့ လေတွေလည်း တိုက်နေတယ် ...
ဒါပေမယ့် လက်ဖျားတွေက နွေးထွေးနေတယ် ...။ဘေးဘီကို ကြည့်မိတော့ သစ်ပင် ဝါးပင်တွေရယ်၊
မြူတွေဆိုင်းနေတဲ့ မြို့ငယ်လေးရယ်ကို
အပေါ်စီးကနေ လှမ်းမြင်နေရတယ် .....တောင်တစ်လုံးပေါ်ကို ရောက်နေတာ ဖြစ်မယ်...
"သံသရာအစဉ်အဆက်
ကိုယ်တော့်အသက်ထက်ပိုပြီး မြတ်နိုးသွားပါ့မယ်"အရှေ့ကို လှည့်ကြည့်လိုက်တော့
ဝတ်ရုံအနက်ဝတ်ထားတဲ့ သူ ....ပြီးတော့ အမာရွတ်တစ်ခု ....။
ထိုသူ၏ မျက်နှာကို သေချာမမြင်ရခင်
ဂျီမင်း လန့်နိုးလာခဲ့သည် ...အာခေါင်တွေ ခြောက်ကပ်နေတာမို့
စားပွဲဘေးက ရေကို အရင်ယူသောက်လိုက်သည် ...။ချမ်းစိမ့်စိမ့်ဖြစ်နေကာ
ကိုယ်တွေ လက်တွေ နာနေတာကြောင့်
ကိုယ့်နဖူးကို ပြန်စမ်းကြည့်မိတော့ ကိုယ်ပူနေသည်...ဖျားနေပြီ ထင်ပါရဲ့ ...။
အေးပေါ့ အကြီးအကျယ် အော်ငိုရင်း
အိပ်ပျော်သွားတာကိုး...
ငါမှမဖျား ဘယ်သူဖျားမလဲ ?လိုတာမှာဖို့ ပေးထားသော ဝှိုက်ဘုတ်ကိုယူပြီး
"နေမကောင်း၍ ဆေးပေးပါရန်" ဟု ရေးကာ
စောင်ခြုံ၍ ပြန်အိပ်နေလိုက်တော့သည် ....။သကြားခဲသည် ဓားကြိမ်း ကြိမ်းသွားပြီးတည်းက
တစ်ပတ်ကျော်တဲ့ထိ တစ်ရက်မှ ထပ်ပေါ်မလာခဲ့...၊မတွေ့ရတော့လည်း တစ်မျိုးကောင်းတာပါပဲ ...။
နမ်ဂျွန်းHyung နဲ့ အသစ်ခန့်လိုက်သော
အိမ်တော်ထိန်းဆိုသူနှင့် အိမ်အကူများကသာ
လိုလေသေးမရှိ စီစဉ်ပေးသည်...။ဖုန်း၊ လက်ပ်တော့၊ အင်တာနက် ဘာတစ်ခုမှ မရ...
လိုတာမှာထားဖို့ ဝှိုက်ဘုတ်တစ်ချပ်နှင့်
ဆော့ပင်တစ်ချောင်းသာ ရှိသည် ...။စာအုပ်တွေ၊ အခွေတွေ၊ အခြားကစားစရာတွေ
အများကြီးထည့်ပေးထားသော်လည်း
တစ်ခုမှ မထိမိပဲ အိပ်ပြီးရင်းသာ အိပ်နေချင်သည် ...။
YOU ARE READING
Art of Loyalty
Fanfiction"ငါအများကြီးချစ်ခဲ့တာကွ သူ့မျက်လုံးလေးတွေ ပွင့်လာတာကိုတောင် အရူးအမူးဖြစ်ရလွန်းလို့ မနက်တိုင်း ထိုင်ငေးခဲ့တာ ပတ်ဂျီမင်းကို ရင်စခုန်ခဲ့တဲ့အချိန်တည်းက သူ့နှုတ်ခမ်းဖူးတွေကအစ အပြုအမူတစ်ခုချင်းစီတိုင်းကို ဒီရင်ဘတ်ထဲ အပြည့်သိမ်းထုတ်ထားခဲ့တာ.... သူမို့လို့...