Ep 2

368 56 12
                                    

ဒီနေ့လည်း ကျွန်တော်နိုးပြီးမှ
နှိုးစက်က မြည်လာပြန်တယ်

တကယ်တော့ မအိပ်ရသေးတာ ~

ဘာတွေ တွေးနေမိမှန်းလည်း မသိ
ဆိုဂျူသောက်လိုက် တွေးလိုက်နဲ့ အဓိပ္ပါယ်လည်း မရှိ
ဒီလိုနဲ့ ခု မိုးလင်းသွားပြန်ပြီ

ဆံပင်ကို တစ်ချက်ဆွဲဖွလိုက်ရင်း
ရေကို စိမ်ပြေနပြေ ချိုးနေလိုက်တယ်

ဒီနေ့တော့ Gym သွားမှာဖြစ်တာကြောင့်
အားကစားဝတ်စုံလဲလိုက်ပြီး
ဟိုဘက်လမ်းတင်မို့ ကားမယူနေတော့ပဲ
ဒီတိုင်းပဲထွက်လာလိုက်တော့တယ် .... ။

--------------------------------------------

ထူးထူးဆန်းဆန်း ဂျီမင်း ဒီနေ့နောက်မကျ
ဆိုင်ကို အစောကြီးဖွင့်ထားတော့
ဂျာကြီးကတောင် တအံ့တဩနဲ့

"အံမယ် ဂျီမင်းလေး
​ထူးထူးဆန်းဆန်းပါလား
ဒီနေ့ နေအနောက်ဘက်ကများ ထွက်တာလား?"

"စောစောနိုးလို့ပါဗျ အဟဲ"

"မနက်စာရော ?"

"ထမင်းကြော်စားခဲ့တယ် ဂျာကြီး"

"အေးအေး ဒါဆို ကြမ်းလေးတိုက်လိုက်ဦး
Hyung အဝတ်အစားလဲဦးမယ်"

ခေါင်းညိတ်ပြလိုက်ရင်း
ကြမ်းတိုက်တံလေးယူပြီး တိုက်နေလိုက်တယ်... ။

ခဏအကြာ

"ကလင်လင်"

ဆိုင်တံခါးက ခေါင်းလောင်းသံလေးကြားရတာမို့

"ကြိုဆိုပါတယ်ခမျ"

ဟင်
လူဖြူဖြူကြီး ..... ၊

အသားက စွတ်နေအောင် ဖြူနေတာ
သွေးကြောလေးတွေပင် မြင်နေရသည့်အပြင်
အားကစားဝတ်စုံအဖြူကို ဝတ်ထားပြီး
ဆံပင်တွေကပါ အဝါဖျော့ဖျော့ဆိုးထားသေးသည်မို့
ရုတ်တရက်ကြည့်ရင် သကြားခဲနဲ့တောင်
သွားတူနေသည် ။

ဂျီမင်းက ထိုကဲ့သို့ မှတ်ချက်တွေပေးလို့ကောင်းစဉ်မှာပင်
ထိုသကြားခဲက ဆိုင်ထောင့်က ဝိုင်းကို
တန်းဝင်သွားပြီး

" အမေရိကာနို တစ်ခွက် " လို့ မှာလိုက်တာမို့
ကောင်တာမှာ ကော်ဖီသွားဖျော်လိုက်ပြီး
သူ့စီ သွားချပေးတော့ ကိုယ့်ကိုတစ်ချက်စိုက်ကြည့်ပြီး
ဖုန်းကိုပဲ အာရုံစိုက်နေပြန်သည်

Art of Loyalty Where stories live. Discover now