ကော်ဖီသောက်ပြီးပြီဆိုတော့
နေ့လည်ပိုင်း ဘယ်သွားရင်ကောင်းမလဲ
စဉ်းစားနေလိုက်သည် ...။ငါဘယ်သွားရင် ကောင်းမလဲ ?
ထိုသို့ တွေးနေစဉ်မှာပဲ
"ဂျာကြီးရေ သွားပြီနော်
ကောင်းကောင်း နေရစ်ခဲ့ပါ " ဆိုတဲ့ အသံလေး ...၊လှမ်းကြည့်လိုက်တော့
အဝါနုရောင် ဟူဒီလေးနဲ့ ဂျင်းအဖြူလေးကို
တွဲဝတ်ထားတဲ့ ဆံပင်ခပ်အုပ်အုပ်နဲ့ လူပိစိလေး ....အယ် မဟုတ်သေးဘူး ကြက်ပိစိလေး ....။
"ဂျီမင်းလေး နေ့လည်စာစားသွားဦးလေ""မစားတော့ဘူး ကျွန်တော် တော့ပိုကီစားချင်လို့"
"အော် အေးအေး ဂရုစိုက်သွား"
ပြေးထွက်သွားတဲ့ အဝါလုံးလေးကို ကြည့်နေရင်းမှာပဲ
ဘယ်ဘက်ရင်အုံက ဒုတ် ခနဲ ....။ကော်ဖီသောက်တာ များသွားပြီထင်တယ် ...။
အဲ့တော့ အခု နေ့လည်စာစားဖို့ သွားရမှာပေါ့
၁၁ တောင် ခွဲနေပြီလေ
ဒါမယ့် The myth ကို မသွားပါဘူး
နေ့တိုင်း အဲ့ကဆိုင်တွေမှာ စားနေရတော့ ရိုးတာပေါ့.။---------------------------------------------
"အဒေါ်ကြီးရေ တော့ပိုကီတစ်ပွဲနဲ့
ငါးအူချောင်း တစ်ပွဲပေးပါ ထမင်းလိပ်ရောပဲ .."ဗိုက်ဆာနေပြီမို့ ဂျီမင်း ခပ်မြန်မြန်မှာနေတုန်း
"ပဲခေါက်ဆွဲတစ်ပွဲပေးပါ"
အမြန်လှည့်ကြည့်လိုက်တော့ ကျောပေးထားပေမယ့်
အဲ့ဒီ ဂုတ်သားဖွေးဖွေးက သကြားခဲမှ သကြားခဲ...နေပါဦး သူက ငါ့နောက်လိုက်လာတာလား ?
တွေးလို့မဆုံးခင် မှာထားတာတွေလာချတာမို့
အတွေးစကို ဖြတ်လိုက်ရင်း အစားပဲ
ငုံ့စားနေလိုက်တော့သည် ....။အစားကို အီသီယိုးပီးယားပြည်က
အငတ်ဘေးစိုက်ထားတဲ့ ကလေးကျနေတာပဲသွတ်နေလိုက်တာများ ပါးနှစ်ဖက်ကို ဖောင်းလို့
တော့ပိုကီ ခပ်စပ်စပ်ကြောင့်
နှုတ်ခမ်းကလည်း ဆူထော်နေသေးတယ် ....။
YOU ARE READING
Art of Loyalty
Fanfiction"ငါအများကြီးချစ်ခဲ့တာကွ သူ့မျက်လုံးလေးတွေ ပွင့်လာတာကိုတောင် အရူးအမူးဖြစ်ရလွန်းလို့ မနက်တိုင်း ထိုင်ငေးခဲ့တာ ပတ်ဂျီမင်းကို ရင်စခုန်ခဲ့တဲ့အချိန်တည်းက သူ့နှုတ်ခမ်းဖူးတွေကအစ အပြုအမူတစ်ခုချင်းစီတိုင်းကို ဒီရင်ဘတ်ထဲ အပြည့်သိမ်းထုတ်ထားခဲ့တာ.... သူမို့လို့...