Part : 4 💘

471 55 24
                                    

တစ်နေ့က ကိုယ့်အိမ်မှာနေ သူ့အိမ်မှာနေဆိုပြီး ငြင်းခုံပြီးနောက် တကယ်တမ်းကျတော့ ဘယ်သူ့အိမ်မှ ဘယ်သူမပြန်ဖြစ်လောက်အောင် မင်းသားနဲ့ Min PD တို့အလုပ်များနေကြသည်။

မင်းသားက သူ့ရုပ်ရှင်အတွက် အရေးကြီးတဲ့ နောက်ဆုံးဇာတ်ဝင်ခန်းတွေ ရိုက်ကူးနေရသည်။ ထိုဇာတ်ဝင်ခန်းတွေအတွက် Location တွေက မြို့ပြင်ဘက်မှာဖြစ်နေတာကြောင့် ရှုတင်အဖွဲ့သားအားလုံးက နီးစပ်ရာဟိုတယ်တစ်ခုမှာ ငှားနေ‌ကြသည်။

တစ်ဖက်မှာ PD လေးကလည်း လက်ခံထားတဲ့ အလုပ်တစ်ခုက Deadline စောတောင်းလာတာကြောင့် Studio မှာပဲနေ့မအိပ်ညမအိပ် အလုပ်လုပ်နေရသည်။

ဒီရက်ပိုင်းတွေအတွင်း ကျတော်တို့နှစ်ယောက်ကြားမှာ ဆက်သွယ်မှုက ဖုန်းဖြင့်ဆက်သွယ်ခြင်းတစ်ခုသာရှိသည်။ အဲ့ဒါကြောင့် ကျနော်က နည်းနည်းလေးအားတာနဲ့ PD လေးဆီဖုန်းခေါ်သည်။ သတိရရင်ရသလို ဖုန်းဆက်သည်။ သတိကလည်း အမြဲလိုလိုရနေတော့ အမြဲလိုလို ဆက်မိနေတော့တာပါပဲ။

" Taehyung ပြော "

ကျနော့် PD လေးက စိတ်မရှည်တတ်ဘူးလို့ လူတိုင်းသိထားကြပေမယ့် ကျနော့်ဘက်က အချိန်အခါမကြည့်ဘဲ စိတ်ကူးပေါက်ရင် ပေါက်သလို ခေါ်လာတတ်တဲ့ ဖုန်း call တိုင်းကို စိတ်ရှည်လက်ရှည် ပြန်ဖြေပေးတတ်တယ်ဆိုတာတော့ လူတိုင်းမသိကြပါ။

" Studio မှာပဲလား "

" မဟုတ်ဘူး အပြင်မှာ "

" လမ်းလျှောက်ထွက်ရင်း ခေါင်းဆေးနေတာလား "

" ဟုတ်တယ် "

ကျနော်တို့နှစ်ယောက်ရဲ့ အလုပ်က သဘောသဘာဝခြင်း ဆင်တူတာကြောင့် ကျနော်တို့ကြားမှာ သိပ်ပြောစရာမလိုဘဲ အလိုလိုသိနားလည်နေမှုတွေရှိတတ်ပါသည်။ အနုပညာအလုပ်လုပ်ရတာ ကိုယ့်ခံစားချက်အားလုံးကို နှစ်ပြီးလုပ်ရတာမျိုးမို့လို့ စိတ်ကြည်ကြည်လင်လင်ရှိနေဖို့က အရေးကြီးသည်။ ဒါကြောင့် Hyung က သူ့ခေါင်းထဲမှာ သိပ်ရှုပ်လာတဲ့အချိန်မျိုးဆို အခုလိုလမ်းထွက်လျှောက်တတ်သည်။

ကျနော့်မှာလည်း အရင်ကတော့ Hyung နဲ့ ဆင်တူတဲ့ အကျင့်မျိုးရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ စိတ်မကြည်လင်ရင် Hyung အသံလေးကို နားထောင်တာမျိုး Hyung ရဲ့ဓာတ်ပုံကို ထုတ်ကြည့်တာမျိုးက ကျနော့်အတွက် လမ်းလျှောက်တာထက် အကျိုးသက်ရောက်မှုပိုရှိစေသည်။

I hate that ' I love you 'Where stories live. Discover now