Special Part 💘 (B)

389 53 31
                                    

ဒါရိုက်တာကြီး သွားခိုင်းလိုက်တဲ့ location နှစ်ခုက တောင်ကုန်းပေါ်က အိမ်လေးတစ်အိမ်ရယ် အဲ့ဒီတောင်ကုန်းအဆင်းနားမှာရှိတဲ့ မွေးမြူရေးခြံတစ်ခုဆီရယ်။ 

နေရာနှစ်ခုက နီးနီးလေးမို့လို့ ဓာတ်ပုံတွေလိုက်ရိုက်ပြီးရင်တောင် ပိုနေမယ့်အချိန်ကို တွက်ချက်ကြည့်ရင်းက အိမ်ကလေးဆီ ကားကိုဦးတည်ပြီး မောင်းလာခဲ့လိုက်သည်။

" ဒီအိမ်ထင်တယ်နော် "

" ဟုတ်မယ် "

အိမ်ကလေးက အနည်းငယ် အိုဟောင်းနေပြီဖြစ်လို့ အပြင်ဘက်မှာ ရေညှိစိမ်းစိမ်းတွေနဲ့ နွယ်ပင်အချို့စွဲကပ်နေတာကိုမြင်ရသည်။ ဒါရိုက်တာကြီးက သဘာဝကိုချစ်မြတ်နိုးသူဆိုတော့ ဒီလိုနေရာတွေကို ကောင်းကောင်းရှာဖွေတတ်ပါသည်။ အိမ်လေးက ကျဉ်းပေမယ့် ဖွဲ့စည်းထားတဲ့ပုံက ရှေးကျပြီး ဆွဲဆောင်မှုရှိတော့ ကျနော့်ဓာတ်ပုံဆရာလေးကလည်း ဓာတ်ပုံလိုက်ရိုက်နေရင်းက သဘောတကျရှိနေပုံပေါ်သည်။

" PD nim..ဒီလိုအိမ်မျိုးမှာ နေရမယ်ဆိုနေချင်လား "

အိမ်ရဲ့ပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့ ရှုခင်းကို ကင်မရာနဲ့ လှမ်းချိန်နေရင်းက Hyung က ကျနော့်မေးခွန်းကို စဉ်းစားနေဟန်ပြုသည်။ ပြီးနောက် စိတ်တိုင်းကျသည်အထိ နှစ်ခါ သုံးခါ ရိုက်ပြီးမှ ကျနော့်ဘက်လှည့်ကာ ပြန်ဖြေလာခဲ့သည်။

" မနေချင်လောက်ဘူးထင်တယ် "

" ဘာဖြစ်လို့လဲ "

" တစ်ယောက်တည်းနေရမှာ ခြောက်ခြားစရာကောင်းတယ်လေ "

" တစ်ယောက်တည်း မဟုတ်ဘူးဆိုရင်ရော "

" မဖြစ်နိုင်ဘူး "

ဒီနေရာကနေ ဒီထက်ပိုပြီး ဆက်မမေးတော့ဖို့သာ ဆုံးဖြတ်လိုက်တယ်။ ကျနော်ဖွင့်ပြောမယ့် စကားတွေအတွက် အဖြေကို မပြောခင်ကတည်းက ရလိုက်တာမျိုး မဖြစ်ချင်ဘူးလေ။

" ဒီမှာပြီးရင် မွေးမြူရေးခြံထဲ သွားကြမလား "

" အင်း "

မွေးမြူရေးခြံဘက်ကို ဆင်းရတဲ့လမ်းက ကျဉ်းကျဉ်းလေးမို့လို့ ကားကို အိမ်လေးဆီမှာပဲထားခဲ့ပြီး ကျနော်တို့နှစ်ယောက် လမ်းလျှောက်သွားလိုက်ကြသည်။ အိမ်ကလေးက ခပ်သေးသေးလေးမို့လို့ မွေးမြူရေးခြံကလည်း ခပ်ငယ်ငယ်ထင်ထားခဲ့တာ ရောက်သွားတော့မှ တော်တော်ကျယ်ကျယ်ဝန်းဝန်းရှိနေတာကို တွေ့လိုက်ရပါသည်။

I hate that ' I love you 'Where stories live. Discover now