Part : 26 💘

256 41 10
                                    

" Kim Taehyung!! Kim Taehyung!! Kim Taehyung!! Kim Taehyung!! "

အနက်ရောင်ကားကြီးဝင်ရောက်လာကတည်းက အော်ဟစ်အားပေးသံတို့ ဝုန်းခနဲထွက်လာကြသည်။ ကားပေါ်က တည်တည်ငြိမ်ငြိမ်ဆင်းလာတဲ့ မင်းသားကိုမြင်တဲ့အခါ အားပေးသံတွေက အရှိန်နှစ်ဆမြင့်တက်လို့သွားသည်။

မင်းသားက အားလုံးကို ဖော်ဖော်ရွေရွေဦးညွတ်နှုတ်ဆက်လိုက်သည်။ နှုတ်ခမ်းလေးက ချိုချိုသာသာပြုံးနေသော်လည်း မင်းသားက သူ့ရဲ့မျက်လုံးတွေကိုတော့ အကာအကွယ်ယူထားပါသည်။ တစ်နှစ်ကြာမှ ပြန်တွေ့ရတာကြောင့် မင်းသားရော သူ့ပရိသတ်တွေရော နှုတ်ဆက်လို့မဝနိုင်ဖြစ်နေကြသည်။

" ကောင်းကောင်းရှင်သန်နေတာပဲ Tae "

အီလက်ထရောနစ်ပစ္စည်းတွေရဲ့ အလင်းရောင်တစ်ခုတည်းသာရှိသော အခန်းထဲတွင် တစ်ယောက်တည်းထိုင်နေသော PD လေးက ဖုန်းထဲက ဗီဒီယိုလေးကိုကြည့်ရင်း တိတ်တဆိတ်ရေရွတ်လိုက်သည်။ မဆေးရသေးသော ကော်ဖီခွက်များနှင့် ပြာတွေအပြည့်ဖြစ်နေသော ဆေးလိပ်ပြာခွက်တို့သည် ကျောတစ်ခင်းစာ အိပ်ရာရဲ့နံဘေးတွင် အစီအရီနေရာယူလို့ထားသည်။ 

" ဒေါက် ဒေါက် ဒေါက် "

" အင်း "

" Hyung စားဖို့ "

Jungkook က ခပ်မှုန်မှုန်မျက်နှာထားလေးဖြင့် လက်ထဲမှာ ပါလာသောပန်းကန်ကို Min PD ရဲ့အလုပ်စားပွဲပေါ်သို့ လှမ်းတင်လိုက်သည်။ စားပွဲတစ်ခုလုံးတွင် သီချင်းရေးလက်စစာရွက်များ note စာရွက်များဖြင့် ပြည့်နှက်လို့နေသည်။

" မင်း ကျောင်းမသွားသေးဘူးလား "

" ပြန်လာပြီလေ အခုက ညနေဖြစ်နေပြီ Hyung "

" အော် "

" Hyung..... "

Jungkook က ခပ်လေးလေးခေါ်လိုက်ပြီး လေပူတစ်ချို့မှုတ်ထုတ်လိုက်သည်။ အားလုံးနဲ့ဝေးရာကို ထွက်ပြေးလာခဲ့ပြီး ဒီနယ်စပ်မြို့လေးကို ရောက်ကတည်းက Min PD က နေ့တွေညတွေလည်းမသိဘဲ အလုပ်ခန်းထဲမှာပဲနေပြီး အိမ်အပြင်ကိုမထွက်တော့တာ တော်တော်ကြာနေပြီဖြစ်သည်။ 

" ဘယ်အချိန်အထိဒီလိုပဲနေနေဦးမှာလဲ "

" ထပ်မဆူပါနဲ့တော့ကွာ "

I hate that ' I love you 'Where stories live. Discover now