Part : 15 💘

356 48 15
                                    

လှမ်းလိုက်တဲ့ ခြေလှမ်းတစ်လှမ်းခြင်းစီမှာ အတိတ်ကအပိုင်းအစတစ်ချို့ ကပ်ငြိပြီးပါလာကြသည်။

" ဒီနေ့ကစပြီး Min Yoongi က ငါ့ချစ်သူတဲ့!!! "

" Min Yoongi က ငါ့အပိုင်ပဲ!!! "

အဲ့ဒီအတိတ်တွေမှာ အသံတွေလည်းရှိသည်။ မနေ့တစ်နေ့ကကြားခဲ့ရသလို ထင်ရှားပီပြင်နေတဲ့အသံတွေ။

သိပ်စောနေသေးတဲ့ မနက်ခင်းအချိန်မို့ ရှေ့ကိုသဲသဲကွဲကွဲမမြင်ရသေးဘဲ အုံ့မှိုင်းနေတဲ့ တက္ကသိုလ်လမ်းမကြီးထက်တွင် Min PD တစ်ယောက်တည်းအတိတ်ကခြေရာတွေကို ပြန်ကောက်နေမိသည်။ ရင့်ကျက်တည်ငြိမ်တဲ့ Min PD ဖြစ်မလာခင် မနူးမနပ်တက္ကသိုလ်ကျောင်းသားလေး Min Yoongi ရဲ့အတိတ်ကခြေရာတွေ။

အချိန်ပိုင်းအလုပ် ၃ ခုနဲ့ အနိုင်နိုင်ပြေးလွှားနေရတဲ့ ကျောင်းသားလေး Min Yoongi ရဲ့ရှေ့ကို ရုပ်ရှင်ဆန်စွာ ရောက်လာခဲ့တဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကောင်လေးတစ်ယောက်။ မျက်လုံးလေးတွေက သိပ်ကိုတောက်ပပြီး လှပလွန်းလို့ အလိုလိုနေရင်း နှစ်ခါပြန်ကြည့်မိတဲ့အပေါ် ကျေကျေနပ်နပ်ကြီးပြုံးနေခဲ့တဲ့အဲ့ဒီကောင်လေး။

" Jeon Jung Hwan ပါ "

" Min Yoongi မဟုတ်လား "

" အင်း "

" ခင်ခင်မင်မင်နေကြရအောင် "

လက်ဆွဲနှုတ်ဆက်ပြီးနောက် တော်တော်ကြာအောင်ပြန်မလွှတ်တော့တဲ့လက်တွေကို အဲ့ဒီအချိန်ကတည်းက ခပ်မြန်မြန်ပုတ်ချပစ်လိုက်ဖို့ကောင်းခဲ့သည်ထင်သည်။

ဘဝမှာ သူငယ်ချင်းဆိုလို့ Jung Hoseok တစ်ယောက်တည်းသာရှိခဲ့ဖူးသူသည် တက္ကသိုလ်ရောက်မှ သံယောဇဉ်တစ်ခုထပ်တိုးလာရခြင်းအပေါ် ဘာမှစောတကမတက်မိ။ အတန်းပြီးချိန်တိုင်း ဘယ်ကဘယ်လိုပေါ်လာမှန်းမသိဘဲ နေ့လည်စာအတူတူစားဖို့ခေါ်တတ်ပြီး အချိန်ပိုင်းအလုပ်ပြီးတဲ့ညသန်းခေါင်အချိန်တိုင်းမှာ အိမ်ပြန်လိုက်ပို့ပေးမယ့်အဖော်ရှိလာရခြင်းကို ကျေနပ်သလိုပင်ရှိနေခဲ့ပါသည်။

" ချစ်တယ် Min Yoongi...သိတယ်မဟုတ်လား စတွေ့ကတည်းက ငါမင်းကို ချစ်‌နေတယ်ဆိုတာ "

I hate that ' I love you 'Where stories live. Discover now