Part : 7 💘

398 52 5
                                    

" Cut! "

" အင်္ကျီလဲပြီး နောက်တစ် scene စမယ် "

ကြော်ငြာရိုက်ကွင်းတစ်ဖြတ်ပြီးတာနဲ့ မင်းသားက အူမြူးစွာ ကားပေါ်ပြန်ပြေးတက်သွားသည်။ အူမြူးဆို မြူးစရာလေးကလည်း ကားပေါ်မှာ အသင့်စောင့်စားနေသည်လေ။

" ပျင်းနေပြီလား "

" မပျင်းပါဘူး "

" ဒီတစ်ဖြတ်ပြီးရင်ပြီးပြီ "

ဟုတ်ပါတယ်။ Min PD က Kim Taehyung ရဲ့ ရိုက်ကွင်းကို လိုက်လာပြီး လာစောင့်ပေးနေတာပါ။ ရိုက်ကွင်းမှာ တွေ့တဲ့သူတွေက မလာစဖူး အလာထူးသူလေးကို ကွက်ကြည့်ကွက်ကြည့် လုပ်ကြလွန်းလို့ ကျနော်က တွန့်တိုစွာနဲ့ ကားပေါ်မှာပဲ စောင့်နေစေတော့လည်း နာခံပြီး ငြိမ်ငြိမ်လေးထိုင်စောင့်နေတဲ့ ကြောင်ကလေးပါ။

Min PD ဘာဆေးတွေများ မှားသွားလဲလို့ မမေးပါနဲ့။ Kim Taehyung ရဲ့ အချစ်ဆေးတွေပါပဲ။ Hyung အတွက် သေချာအချိန်ပေးပြီး ဂရုစိုက်ပေးမှုတွေအဆုံးမှာ အခုလိုကောင်းမွန်တဲ့ ရလဒ်လေးတွေ ခံစားနေရတော့တာပါပဲ။

" အင်္ကျီလဲရမှာလား "

" ဟုတ်တယ် "

" ဘယ်တစ်ခုလဲ... ခုနက မင်း stylish လာထားသွားတာ ဒီဟာထင်တယ်...ဖိနပ်ရောလဲရမှာလား..ဖိနပ်တော့မတွေ့မိသလိုပဲ "

ဘယ်လောက်စိတ်ချမ်းသာရသလဲမေး။ Hyung ပြောသမျှ ပြုံးပြုံးကြီးနဲ့ ထိုင်ကြည့်နေမိတော့တာပါပဲ။ Hyung ကို ရိုက်ကွင်းခေါ်လာရတာ ဒီလောက်စိတ်ချမ်းသာဖို့ကောင်းမယ်မှန်းသာ အစကတည်းကသိခဲ့ရင် မရရအောင် ဂျီကျပြီးခေါ်ထားမိမှာပါ။ အခုလိုကျတော့လည်း ဂျီကျစရာတောင်မလိုဘဲ Hyung က လိုက်လိုက်လျောလျော လိုက်လာပေးတာဆိုတော့ ပိုပြီးစိတ်ချမ်းသာရတာပေါ့လေ။

" Taehyung ကြားလား "

" ကိုယ့်မန်နေဂျာနဲ့ stylish တွေကို အလုပ်ထုတ်လိုက်တော့မယ်...ကိုယ့်အချစ်ပဲ ကိုယ့်နောက်လိုက်ခဲ့တော့..ဘယ်လိုလဲ "

" လုပ်လာပြီ...မင်းဟာအမြဲတမ်း အလွန်အကျူး "

" တကယ်ပြောတာ ကိုယ့်အချစ်နဲ့သာဆို ကိုယ်အလုပ်တွေမနားတမ်းလုပ်နိုင်မယ်ထင်တယ်..ပြီးတော့ ဒီအလုပ်လေးတွေလည်း ခိုးလုပ်လို့ရတယ်လေ "

I hate that ' I love you 'Where stories live. Discover now