Part : 12 💘

379 48 16
                                    

ဇန်နဝါရီက သူ့ရဲ့လက်ကျန်နှင်းစက်တွေကို Min PD လေးရှိရာ ဆိုးလ်မြို့‌လေးဆီ အပြည့်လွှမ်းမိုးထားသလို မင်းသားရောက်နေတဲ့ ဟိုကိုင်းဒိုးမြို့ကလေးကိုလည်း ခိုက်ခိုက်တုန်နေစေပါသည်။

ရှုတင်တည်ရာ အဆောက်အအုံကြီး၏ နေရာအနှံ့ကိုအပူပေးစက်မှ အမြင့်ဆုံးအပူချိန်ပေးထားသည့်တိုင် အဖွဲ့သားအားလုံးက ချမ်းလွန်းလို့ အာငွေ့တထောင်းထောင်းထွက်နေကြရသည်။

" တစ်ရက်ထက်တစ်ရက် ပိုပိုအေးလာလို့ သေတော့မှာပဲ "

" သည်းခံ သည်းခံ အိမ်ပြန်ရတော့မယ် "

" မထူးပါဘူး ဆိုးလ်မှာလည်း မိုင်းနပ်စ်ပဲတဲ့ "

" ဒါပေမဲ့ ဖက်ထားပေးမယ့် ယောကျာ်းရှိတယ်လေ "

" အေးဟုတ်တယ် ဒီလိုအချိန်ကျတော့ သတိရသား "

နားနေခန်းထဲက စတိုင်လစ်နှစ်ယောက်ရဲ့ အပြန်အလှန်စကားသံတွေကို ကြားရတော့ ကျနော်ပြုံးမိသည်။ တစ်ဆက်တည်းမှာပဲ နှစ်ထပ်သုံးထပ် အင်္ကျီထူထူကြီး‌တွေထဲ မြုပ်‌၀င်နေမယ့် ကြောင်ကလေး မြင်ယောင်လာမိသည်။ မာဖလာကြီးပတ်‌ပြီး ခြေစွပ်‌ခေါင်းစွပ်တွေ၀တ်ထား‌သည့်တိုင် နှာခေါင်းထိပ်ကလေးကတော့ ရဲဖြစ်အောင်ရဲနေဦးမယ့် ကြောင်ကလေးပင်။

" studio မှာပဲလား??? "

မနက်ကတည်းက ပို့ထားသော စာသုံးလေးကြောင်းကိုပင် မကြည့်သေးသူလေးဆီ သတိရလာတော့လည်း ထပ်ပြီးပို့လိုက်မိပြန်သည်။ သေချာတိတိကျကျမသိသော်လည်း ဒီရက်ပိုင်းတွေမှာ Hyung အလုပ်များနေတယ်ဆိုတာတော့ သေချာပါသည်။ ထောက်လှမ်းခိုင်းစရာ ကျနော့်ရဲ့ စီစီတီဗီတွေကလည်း ကိုယ်စီအဝေးရောက်နေတာကြောင့် ကျနော့်မှာ ဒီအတိုင်းမျှော်ရုံ‌သာ။

" မင်းသားရေ စမယ်တဲ့ "

" ကိုယ်ပြန်ရောက်ရင် ဖုန်းခေါ်လိုက်မယ် "

Min PD လေးက ကားဆီသို့ အပြေးတစ်ပိုင်းဝင်လာချိန်တွင် ကားထဲမှာ ကျန်ခဲ့သော ဖုန်းမှ စာဝင်လာတဲ့အသံကို ကြားလိုက်ရသည်။

" ဒီမှာ ကျန်ခဲ့တာပဲ "

ဝယ်ပြီးကတည်းက ပစ်ထားခဲ့သော တိုက်ခန်းကို ဒီမနက်ခင်းမှာ အပြီးရှင်းလင်းဖို့သာ စိတ်အားထက်သန်နေတာကြောင့် အကုန်လုံးကို မေ့မေ့လျော့လျော့ဖြစ်သွားခဲ့ရသည်။ ဖုန်းဖွင့်လိုက်ခြင်းပင် မင်းသားကောင်လေး ပို့ထားတဲ့စာတွေက တန်းစီပြီးဝင်လာတော့သည်။

I hate that ' I love you 'Where stories live. Discover now