Part : 22 💘

322 39 2
                                    

" ငါ အိမ်ရှေ့မှာရောက်နေတယ် တံခါးလာဖွင့်စမ်းပါဦး "

မနက်စောစောစီးစီး အစ်ကိုကြီး Park ရဲ့ ဖုန်းခေါ်ဆိုမှုကြောင့် ဒါရိုက်တာကြီးမှာ အိပ်ရာကနေမထချင်‌သေးဘဲ ကုန်းရုန်းထလိုက်ရသည်။ သူက ရှုပ်ပွနေတဲ့ ဆံပင်တွေကို ပိုပြီးရှုပ်ပွသွားအောင် ပွတ်ဆွဲမိနေရင်းကမှ အိပ်ခန်းထဲက ထွက်လိုက်သည်။

" ဘာဖြစ်လို့ပါလိမ့် "

ခြံတံခါးဖွင့်ဖို့အတွက် ခြေလှမ်းခပ်ကျဲကျဲဖြင့် လျှောက်လာရင်းကမှ Jimin ရဲ့ အခန်းရှေ့အရောက်တွင် အခန်းတံခါးကို အသာဟဖွင့်ကြည့်ကြည့်လိုက်သည်။

အပေါ်ပိုင်းအဝတ်ဗလာနဲ့ ကောင်လေးက မွေ့ရာကြီးတစ်ခုလုံးအပြည့် ကန့်လန့်ဖြတ်နေရာယူထားပြီး နှစ်ခြိုက်စွာအိပ်ပျော်နေတုန်းပင်။

" ဟူး တော်သေးတာပေါ့ "

ဒါရိုက်တာကြီးက မနေ့ညကမှ ခရီးကပြန်ရောက်လာသည်။ ရောက်ပြီးသိပ်မကြာခင်မှာပင် သူအိပ်ပျော်သွားခဲ့တာကြောင့် Jimin ဘယ်အချိန်ပြန်ရောက်လာလဲဆိုတာကို မစစ်ဆေးမိလိုက်ပါ။

Park မိသားစုက မင်္ဂလာလက်ဖွဲ့ပေးထားတဲ့ ဒီအိမ်ကြီးမှာ အချိန်ပိုင်းဝင်ထွက်ခွင့်ပြုထားတဲ့ အိမ်အကူတွေမရှိတဲ့အချိန်ဆိုရင် သူနဲ့ Jimin နဲ့နှစ်ယောက်တည်းသာဖြစ်သည်။ ဒါပေမဲ့ တစ်ခန်းထဲမှာ အတူတူမနေကြတာကတစ်ကြောင်း၊ ကိုယ့်ကိစ္စနဲ့ကိုယ် အပြင်မှာရောက်နေတာ များတာကတစ်ကြောင်းကြောင့် လက်ထပ်ပြီးကတည်းက သူနဲ့ Jimin နဲ့ အေးအေးဆေးဆေး အတူတူရှိနေရတယ်လို့ မရှိသေးပါ။

" အစ်ကိုကြီး စောစောစီးစီး ဘာများဖြစ်လို့လဲ "

" Jimin ရော "

" အိပ်နေတုန်း "

" ဘယ်မှာအိပ်တာလဲ "

" သူ့အခန်းမှာ "

" အခုထိခွဲအိပ်ကြတုန်းလား "

" ဟုတ်ပါတယ် "

အစ်ကိုကြီး Park က သိပ်မကြိုက်ဟန်ရှိသော်လည်း ဘာမှဆက်မပြောတော့ပါ။

သူတို့ကလည်း အတူတူမနေကြတဲ့အကြောင်းကို အထူးတလည်လုပ်ပြီးတော့ လျှို့ဝှက်မထားကြပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က မိသားစုရဲ့စီစဉ်မှုကြောင့် လက်ထပ်ထားရတဲ့သူတွေမို့လို့ သူတို့အတွက် အထူးသဖြင့် Jimin အတွက် အချိန်တစ်ခုလိုအပ်တယ်ဆိုတာကို လက်ခံပေးဖို့လိုအပ်ပါသည်။

I hate that ' I love you 'Where stories live. Discover now