Part : 8 💘

375 54 6
                                    

သောက်တဲ့သူကသောက်၍ ကတဲ့သူက ကနေကြ‌သော အဆင့်မြင်ဟိုတယ်ကြီး၏ ခေါင်မိုးထပ်တွင် ကျနော်နှင့် Hyung ကတော့ လေညှင်းခံဖို့ ရေကူးကန်ဘက်သို့ ထွက်လာလိုက်ကြသည်။

ကျနော်က အရက်မသောက်တာကြောင့် Hyung ကလည်း မသောက်ပဲနေသည်။ အဲ့ဒါကြောင့် အပြင်ဘက်က အအေးဒဏ်က ကျနော်တို့နှစ်ယောက်စလုံးအပေါ် တူညီစွာသက်ရောက်နေပါတော့သည်။

" ကိုယ့်နားတိုး "

" အပြင်ဘက်မှာ "

" ဘာဖြစ်လဲ အပြင်ဘက်မှာ "

" ငါကဘာမှမဖြစ်ဘူး "

" ကိုယ်လည်းဘာမှမဖြစ်ဘူး "

Hyung ဘာပြောချင်တာလဲဆိုတာကို ကျနော် သဘောပေါက်ပါသည်။ ကျနော်တို့ နှစ်ယောက်ကအတူတူ အပြင်ထွက်မျိုးမရှိသလို ထွက်ဖြစ်ခဲ့ရင်လည်း Hyung က ခပ်ခွါခွါနေဖို့သာ ကြိုးစားတတ်သည်။ ကျနော့်အတွက်ဆိုတာကို သိပေမဲ့လည်း ကျနော်ကတော့ ဘယ်လိုနေရာ ဘယ်အချိန်မျိုးမှာဖြစ်ဖြစ် Hyung နဲ့ ခပ်ခွါခွါမနေလိုပါ။

" ရေကန်ကြီးမြင်တော့ ရေကူးချင်စိတ်ဖြစ်မိသား "

" ဟင် မဖြစ်ပါဘူး "

ဒါရိုက်တာကြီးတို့ ကြောင်ပေါက် ကြောင်ပေါက်နဲ့ ခေါ်တာလည်းမပြောပါနဲ့။ Hyung ရဲ့ အပြုအမူအသွင်အပြင်တွေကပဲ ကြောင်ကလေးနဲ့တူသည်မဟုတ်။ ရေဆိုတာနဲ့ ဝေးဝေးပြေးတတ်တာလေးကလည်း တကယ့်ကြောင်ကလေးအတိုင်းပင်။

" တကယ်ကူးချင်တာ "

" ဒီအချိန် ရေထဲဆင်းရင် အရူးပဲ "

" အထဲပဲပြန်ဝင်ရအောင်..ရေကန်နားမှာဆိုတော့ ပိုအေးတယ် "

" ကိုယ့် Hyung သဘော "

Hyung ရဲ့ပခုံးလေးကို ခပ်သာသာဖက်ထားရင်း အထဲကိုပြန်ရောက်တော့ ဒီနေ့မသောက်ပါဘူးဆိုသော ကြောင်ကလေးက တစ်မျိုးပြောင်းသွားပြန်သည်။

" Tae ငါနည်းနည်းသောက်ချင်လို့ "

" သောက်လေ ကိုယ်သွားယူပေးရမလား "

" ရတယ် တစ်ဝိုင်းဝိုင်းမှာပဲ စောင့်နေလိုက် "

မီးမှိန်မှိန်နဲ့ သီချင်းသံခပ်ဆူဆူရဲ့ပေါင်းစပ်မှုကြားတွင် အားလုံးက စိတ်လွတ်လက်လွတ်ပျော်နေကြသည်။ ထိုသို့ပျော်နေတဲ့ သူတွေကို ထိုင်ကြည့်နေတာဆိုလို့ Jung PD တစ်ယောက်သာရှိလို့ ထိုဝိုင်းမှာပဲ Hyung ကို စောင့်နေဖို့ ဆုံးဖြတ်လိုက်သည်။

I hate that ' I love you 'Where stories live. Discover now