Part : 19 💘

336 43 10
                                    

တဖြောက်ဖြောက်ကျဆင်းနေတဲ့ မိုးစက်တို့ရဲ့အသံ။

စတူရီယိုထဲမှာ ပြေးလွှားခုန်ပေါက်နေတဲ့ ဖိနပ်သံ။

ချပ်ခနဲ ချပ်ခနဲ ကြားနေရသော ကင်မရာရဲ့အသံ။

အဆက်မပြတ်ညွှန်ကြားနေသော ဓာတ်ပုံဆရာရဲ့အသံ။

" အိုကေ change! "

ဝေါခနဲပြေး၀င်လာကြတဲ့ ရှုတင်အဖွဲ့သားတွေရဲ့အသံ။

စကားပြောသံ။ ပစ္စည်းရွှေ့သံ။

Jung PD က မျက်လုံးတွေကိုမှိတ်ထားကာ ထိုင်နေရင်း အသံတွေကို သရုပ်ခွဲကြည့်နေသည်။ မင်းသားရဲ့ ဖိနပ်ကြော်ငြာရိုက်ကွင်းမှာ သူရောက်နေသည်။ သူငယ်ချင်းဓာတ်ပုံဆရာဆီလာရင်း မင်းသားကို တွေ့လိုက်သဖြင့် မပြန်သေးပဲ သူဆက်ထိုင်နေမိခြင်းဖြစ်သည်။

ကြမ်းပြင်ပေါ်ကို တကျွီကျွီပွတ်တိုက်ရင်း သူ့ဆီ တဖြည်းဖြည်းနီးလာတဲ့ ဖိနပ်သံ။

Jung PD က သူ့မျက်လုံးတွေကို ဖွင့်လိုက်သည်။

သိပ်လှတဲ့အပြုံးလေး။ ညို့ဓာတ်ပြင်းတဲ့ ကိုယ်နေဟန်လှုပ်ရှားမှု။ လက်ချောင်းရှည်လေးတွေရဲ့ကြား မှာ ကပ်ညှိပါသွားတဲ့ ဆံစတွေ။

အသံတွေကို အထူးခံစားပြီး ဖန်တီးနိုင်တဲ့ အရည်အချင်းတစ်ခုကို ပိုင်ဆိုင်ထားသလို ချစ်ရသူရဲ့ လှုပ်ရှားမှုဟန်ပန်အားလုံးကို အသေးစိတ် ခံစားနိုင်တဲ့ စွမ်းရည်တစ်ခုကလည်း သူ့ထံတွင် မလိုအပ်ဘဲ ရှိနေလေသည်။

" Jung PD မဟုတ်လား "

ချစ်ရသူက အနားကိုရောက်မလာခင် ကိုယ်ကအရင်ရောက်အောင်သွားမိသည်။ ဘာရယ်မဟုတ်ပေမဲ့ အလေးထားလိုမှုလေးက ထိုသို့ဦးဆောင်တတ်သည်။

" ဟုတ်ပါတယ် "

" တူပါတယ်လို့ ထင်နေတာဗျာ "

ဘယ်တော့မဆို ၀မ်းသာခြင်းတွေ ဆွတ်ပျံ့နေတဲ့ အသံလေး။ အသိမိတ်ဆွေတစ်ယောက်ကို မထင်မှတ်ဘဲတွေ့လိုက်ရလို့ ၀မ်းသာခြင်း။ အဲ့ဒါထက်ပိုတာကိုရော အဲ့ဒါထက်လျော့တာကိုရော မလိုအပ်ပါဘူးလေ။

" သူငယ်ချင်းနဲ့လာတွေ့တာ "

" ဆရာဟွမ်းနဲ့ သူငယ်ချင်းတွေလား "

I hate that ' I love you 'Where stories live. Discover now