Part : 17 💘

306 47 24
                                    

" ငါလက်ထပ်ရတော့မယ် "

စတူရီယိုအခန်းထဲက ဆိုဖာခုံပေါ်တွင် လှဲအိပ်နေတဲ့ Jungkook ရဲ့ဗိုက်ပေါ်သို့ Jimin ကမှီထားလျက်က ပြောလိုက်သည်။ Jungkook က ဒီအကြောင်းကို သိပြီးဖြစ်ပေမဲ့ Jimin ကတော့ မသိသေးတဲ့လူကို ပြောပြသလိုပုံစံမျိုးဖြင့် တွေ့တိုင်းပြန်ပြန်ပြောပြနေတတ်သည်။

" အင်း ကောင်းတာပေါ့ "

Jungkook က သူ့ဗိုက်နားမှာကပ်နေတဲ့ Jimin ရဲ့ဆံပင်တွေကိုဆွဲဖွရင်းဖြေလိုက်သည်။ Jimin က Jungkook ရဲ့အထိအတွေ့ကို မျက်လုံးတွေမှိတ်ထားကာခံယူလိုက်ပြီး မှီထားတဲ့သူ့ရဲ့ခေါင်းကို ဘေးတစောင်း‌အနေအထားသို့ပြောင်းကာ Jungkook ရဲ့မျက်နှာကိုလှမ်းကြည့်လိုက်သည်။

" Koo...ငါ ဒီလက်ထပ်ပွဲကို စိတ်ပါရဲ့လားလို့ ဘာလို့တစ်ခါမှမမေးတာလဲ "

Jimin စိတ်မပါဘူးဆိုတာကို Jungkook ကသိနေပြီးသားပါ။ သူ့မှာအဖြေရှိပြီးသားမေးခွန်းမလို့ Jungkook က နှုတ်ဆိတ်နေခဲ့ခြင်းဖြစ်သည်။

" ငါစိတ်မပါဘူး...နီးလာတော့ပိုပြီးလည်း မပျော်ဘူး "

Jimin က သူ့ဘာသာမေးပြီး သူ့ဘာသူသာပြန်ဖြေလိုက်သည်။ ဒီတစ်ခါတော့ သူက ပုံစံပြောင်းကာ Jungkook ရဲ့ ဗိုက်ကကြွက်သားတွေအပေါ် မှောက်လျက်ပြောနေတာကြောင့် သူ့ရဲ့စကားသံတွေက အနည်းငယ်ပလုံးပထွေးဖြစ်နေကြသည်။

" ငါဘာလုပ်ပေးရမလဲ "

Jungkook မေးတဲ့ပုံက စိတ်ကူးယဉ်ချင်စရာတော့ကောင်းသည်။ သူ‌ပြောတဲ့ဘာကိုမဆို Jungkook က လုပ်ပေးမှာလို့ အထင်မှားလိုက်ချင်စရာကောင်းသည်။ ဒါပေမဲ့ Jimin က စိတ်ကူးလည်းမယဉ်တတ်သလို အထင်လည်းမမှားတတ်ပါ။

" Koo ... အောင်မြင်မှုက တစ်ခုခုပြောင်းလဲပေးနိုင်တာ မရှိလောက်ဘူးလား "

" အောင်မြင်မှုကလား..အများကြီးရှိတာပေါ့...ဒါပေမဲ့.. "

Jimin က မတ်တပ်ထရပ်လိုက်သည်။ ဒါပေမဲ့ရဲ့နောက်ကစကားတွေက သူကြားချင်တဲ့စကားတွေ ဘယ်တော့မှဖြစ်မှာမဟုတ်မှန်း သူကောင်းကောင်းသိပါသည်။

" လက်မထပ်ခင် မင်း ငါ့ကိုပျော်အောင်ထားပေးပေါ့...လုပ်ပေးနိုင်တယ်မလား "

I hate that ' I love you 'Where stories live. Discover now