Part : 18 💘

306 42 13
                                    

" Hyung... "

ခေါင်းငိုက်စိုက်ချကာ လျှောက်လာလျက် သူ့ကိုမြင်တော့ လဲကျတော့မလို ယိုင်သွားသော Jungkook ကို Min PD က လှမ်းထိန်းထားလိုက်သည်။ 

" ဘယ်လိုဖြစ်တာလဲ Jungkook! "

တစ်ကိုယ်လုံးစိုရွဲပြီးအေးစက်နေတဲ့ Jungkook က ပြန်မဖြေပါ။ Jungkook ရဲ့မျက်လုံးတွေက မှေးစင်းနေပြီး ခဏနေရင်ပဲ ပိတ်ကျသွားတော့မယ့်ပုံပေါ်နေသည်။

" Hyung "

Jungkook ရဲ့ ပုံစံက အိပ်မက်ယောင်နေသူတစ်ယောက်ပမာ ဝေဝေဝါးဝါး။ သူက ရေစိုနေသော သူ့လက်မောင်းများဖြင့် Min PD ကို အားကိုးတကြီးဖက်တွယ်လိုက်သည်။ သေးငယ်တဲ့ Min PD ရဲ့ ခန္ဓာကိုယ်လေးက ချက်ချင်းဆိုသလို Jungkook ရဲ့ ရင်ခွင်အောက်တွင် မြုပ်၀င်လို့သွားသည်။

" Jungkook... "

Min PD က Jungkook အတွက်စိုးရိမ်သလို ပတ်၀န်းကျင်အတွက်လည်း စိုးရိမ်သွားမိသည်။ သူတို့ရပ်နေတဲ့‌နေရာက ကွန်ဒိုအဆောက်အအုံကြီးရဲ့ မျက်နှာစာတည့်တည့်မှာဖြစ်နေတာကြောင့် ဖြတ်သွားဖြတ်လာလူတစ်ချို့က သူတို့ကို အထူးအဆန်းသဖွယ်ကြည့်သွားကြသည်။

" ဘာတွေဖြစ်လာတာလဲ Jungkook...လွှတ်ပါဦး အရင်ဆုံးအိမ်ထဲဝင်ရအောင်လေ "

" Jungkook!! "

Min PD ကို ဖက်ထားလျက်က Jungkook တစ်ကိုယ်လုံးက ပျော့ခွေကာ အောက်သို့လျှောကျသွားသည်။ Min PD အရမ်းလန့်သွားပြီး Jungkook ရဲ့ခန္ဓာကိုယ်ကို ပြုတ်ကျလို့မသွားအောင် လှမ်းဖမ်းထားလိုက်သည်။

" ဦးလေး...လုပ်ပါဦး ကူညီပါဦး "

သူတို့အနားသို့ ရောက်လာတဲ့ လုံခြုံရေးဦးလေးကြီးကို Min PD က အကူအညီလှမ်းတောင်းလိုက်သည်။ သတိမေ့နေတဲ့ Jungkook ကို ဦးလေးကြီးရဲ့အကူအညီနဲ့ အိမ်ထဲရောက်အောင် ခေါ်လာခဲ့လိုက်သည်။

" Jungkook....သတိထားပါဦး...Jungkook ရေ "

Min PD က ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာကြောင့် Jungkook ရဲ့လက်မောင်းကိုသာ အသာတွန်းပြီး ခေါ်ကြည့်မိသည်။ ဘာတုံ့ပြန်မှုမှ ပြန်မရသည့်အခါ သူ့ဖုန်းထဲမှ ဆေးရုံအရေးပေါ်နံပါတ်တစ်ခုကို ခပ်မြန်မြန်နှိပ်လိုက်သည်။

I hate that ' I love you 'Where stories live. Discover now