Special Part 💘(A)

444 52 12
                                    

" အထဲကိုဝင်ခဲ့....Tae "

Hyung က နှင်းတွေထဲမှာ ရူးသွပ်ခြင်းတွေပါ ပေါင်းထည့်ပေးခဲ့တဲ့ညလေးက အိပ်မက်ထဲမှာ ထည့်မက်တိုင်းလည်းလှတယ်။

အဲ့ဒီညလေးက အသွေးအရောင်တွေမစုံလင်ပါဘူး။ ဖြူဖွေးအုနေတဲ့ နှင်းစက်တွေရယ် Hyung ကိုယ်တိုင်ရေးခြယ်ထားတဲ့ မီးခိုးရောင်ဖျော့ဖျော့ Canvas လေးတစ်ခုရယ်..ပြီးတော့ ပထမဆုံးနှင်းကျတဲ့အချိန်မှာ Hyung ဆီကိုမရောက်အောင်လာခဲ့တဲ့ ဇွတ်တရွတ်ကောင်လေး ကျနော်ရယ်။

.....

ဒါရိုက်တာကြီးရဲ့ စီစဉ်ပေးမှုနဲ့ Hyung ရဲ့ Studio ကို ပထမဆုံးရောက်ခဲ့တုန်းကလည်း အဲ့ဒီညကလိုပဲ ကျနော့်ရင်ခုန်သံတွေ သွက်သွက်ခါနေခဲ့တာ။

ဂီတနဲ့ထိတွေ့မှုမရှိဖူးခဲ့တဲ့မင်းသားက သီချင်းတစ်ပုဒ်အပ်ချင်လို့ပါလို့ပြောတော့ ပင့်ကြည့်လာခဲ့တဲ့ မျက်လုံးမှေးမှေးလေးဆီမှာ ကျနော့်ရဲ့ ဝင်သက်ထွက်သက်တွေ မြောပါသွားခဲ့ရတယ်။

ချစ်နေမိပါပြီလို့ လက်ခံပြီးတာတောင် ထပ်ကာထပ်ကာ အတည်ပြုပေးချင်နေသေးတဲ့ နှလုံးသားကြောင့် အခက်တွေ့ရတယ်။ Hyung ရှေ့ကျမှ ကျနော့်မှာ ဒိုင်ယာလော့တွေ အယောင်ယောင်အမှားမှား၊ အိုက်တင်တွေကို အမေ့မေ့အလျော့လျော့။

" ဘာအတွက်လဲ "

" ဒီအတိုင်း...မဟုတ်ပါဘူး..ဟို...နှင်း နှင်းကျရင်ဆိုဖို့ "

" Christmas နေ့ဆုပေးပွဲအတွက်လား "

" ဟုတ်တယ် ဟုတ်တယ် Christmas "

" ဘယ်လိုပုံစံလိုချင်တာလဲ..စာသားကရော ဘယ်သူရေးမှာလဲ "

" ဟိုဟာ.. "

" မင်းပဲကြည့်လုပ်ပေးလိုက်ပါကွာ..ငါ့မင်းသားကဘာသိမှာလဲ "

" ပြီးရော "

ကယ်တင်ရှင် ဒါရိုက်တာကြီးက ကြားထဲကဝင်ပြောပေးရင်း မျက်လုံးနဲ့ကျိန်ဆဲပြလာတဲ့အခါ ရှုပ်ရှုပ်ထွေးထွေး ဒိုင်ယာလော့တွေကိုတောင် ခဏလေးနဲ့ရအောင်ကျက်ခဲ့ဖူးတဲ့ မင်းသားခမျာ သွားဖြီးပြရုံအပြင်မတတ်နိုင်ခဲ့ပါဘူး။

" ဘယ်တော့လိုချင်တာလဲ "

" မြန်ဖို့မလိုဘူး ရတယ်..ကြာလေကောင်းလေပဲ "

I hate that ' I love you 'Where stories live. Discover now