🔥☕1🥃🔥

7.9K 469 30
                                    

Jeon  ဧည့်ခန်းဆိုဖာအကြီးကြီးပေါ်တွင် Silver hairနဲ့ အောက်နှုတ်ခမ်းတွေကိုကိုက်ကာ လက်စွပ်အမျိုးစားစုံရှိတဲ့ လက်သွယ်သွယ်လေးတွေက Bamရဲ့ခေါင်းကိုလက်တဖက်က ဖက်ထားရင်း ဖုန်းထဲရှိ ဂိမ်းတခုကိုနားကြပ်တပ်ထားကာ အသည်းသန်ကစားနေတဲ့ မြင်ကွင်းတခုရှိနေသည်။
အိမ်တော်ရဲ့ပထမဆုံးအထပ်ဖြစ်တဲ့
ထိုမြင်ကွင်းက မနက်ခင်းတွင် အရေးကြီးစကားပြောဖို့ လိုနေတဲ့လူတယောက်အတွက်တော့ အမြင်မကြည်ချင်စရာဖြစ်လို့နေသည်။

ဂိမ်းနှိပ်နေတဲ့ ကောင်လေးရဲ့ဘေးတွင် Jeonအမေက ​ခြေထောက်တဖက်ချိတ်ထိုင်နေခဲ့ပြီး သားဖြစ်သူ Jeon Jung Kookက သူမနဲ့မျက်နှာချင်းဆိုင်တွင်ထိုင်နေသည်။

Jeonမေမေဟာ အနီရင့်ရင့်နှုတ်ခမ်းနီတမျိုးနဲ့ နုပျိုလှတဲ့ရုပ်ရည်သွင်ပြင်တခုအား အရောင်ထပ်တင်ထားကာ ပေါင်လည်ထိသာရှိတဲ့ စကတ်တိုတိုကို ဝတ်ဆင်ထားပြီး စီးပွားရေးလောကရဲ့ ကျားရိုင်းတကောင်လို့ ကျော်ကြားတဲ့သူမမှာ Jeon Jung Kookဆိုတဲ့ အသက်20ဝင်ခါစ သားချောလေး တယောက်သာရှိသည်။

24နာရီမှာ 20နာရီ​လောက်က အလုပ်များနေတတ်တဲ့ Jeonအမေဖြစ်သူဟာ သားဖြစ်သူကို အချိန်အများကြီး ပေးချင်ပုံမရကာ အလုပ်သွားဖို့ပြင်ဆင်ပြီး နာရီတချက်ကြည့်လိုက်သည်။

စီးပွားရေးသမားတွေမှာ တန်ဖိုးအရှိဆုံးနဲ့ အရေးကြီးဆုံးက အချိန်ပဲ Jeonအမေဟာ စီးပွားရေးနဲ့ပတ်သက်ရင် မြူတမှုန်စာလောက်တောင် အထိခိုက်မခံတတ်တဲ့သူလဲဖြစ်သည်။

စီးပွားရေးနဲ့ပတ်သက်ရင် ယောင်္ကျားဖြစ်သူ Mr Jeonကိုတောင် ပြိုင်ဘက်တ​ယောက်လိုသဘောထားကာ ငွေကစားတတ်တဲ့သူ နှုတ်ခမ်းနီတွေနဲ့ အချိန်ပြည့်ကျက်သရေရှ်ိတယ်လို့ထင်ရပေမဲ့ စီးပွားရေးလောကသားတွေကတော့ အဲဒီအရောင်သွေးတွေကို သေမလောက်ကြောက်ကျရတယ်။

"မေမေ အလုပ်သွားဖို့အရေးကြီးနေတာလား......"

သားဖြစ်သူရဲ့စကားကြောင့် အမေဖြစ်သူဟာ နာရီကိုတချက်ငုံ့စစ်ဆေးပြန်သည်။

"15မိနစ်လောက် အချိန်ရသေးတယ် သား ပြောလေ မေမေ့ကိုပြောစရာရှိလို့ဆို....."

The Other Side Of LoveWhere stories live. Discover now