🔥🥃18☕🥃

2.8K 265 10
                                    


"ကြိုမြင်နေလို့ ဒီအရေးတွေကိုငါတွေးထားလို့ သေသေချာချာမင်း မန်နေဂျာပါထည့်လိုက်တာလေ ဒါကဘယ်လိုဖြစ်ရတာလဲ Jung Kook.....!!"

ထွက်လာသမျှhotnewတွေကို မျက်စိရှေ့ပချပြကာ CEOကြီးသည် ဒေါသအတော်လေးထိန်းမရတဲ့ပုံ.....။

ကြောက်စရာကောင်းလွန်းသောခေါင်းစဥ်တွေနဲ့ ကိုရီးယားရဲ့ထိပ်သီးသတင်းတွင် Jeonနဲ့လက်စွပ်ပိုင်ရှင်သတင်းသည် Jeonနယ်ပယ်တခုလုံးသို့အများကြီးကိုင်လှုပ်သွားသည်....။

နမ်းနေသလိုပုံတွေသည် ဘာမှမဟုတ်ခဲ့ပေမဲ့ ရှူထောင့်အကောင်းဆုံးတွေနဲ့မို့ အထင်လွဲဖို့အကောင်းဆုံးတွေဖြစ်နေကာ သတင်းသမားတွေအတွက် အခွင့်ကြီးကြီးတခုရသွားခဲ့ပါသည်....။

ဖုန်းတောင်ဖွင့်မကြည့်ရဲ့သလောက် တောင်ကိုရီးယားရဲ့တက်သစ်စ လျှမ်းလျှမ်းတောက်အောင်မြင်နေသော Jeonရဲ့ညကအထင်လွဲမှားစရာပုံရိပ်တွေအတွက် တိုက်ခိုက်ဖို့ချောင်းနေကျသော Haterတွေက အောက်ဆုံးထိဆွဲချဖို့ကြိုးစားလာကျသည်....။

"ပါးစပ်ပိတ်မနေပဲ ငါမေးနေတာကို အဖက်လုပ်စမ်း Jeon Jung Kook ဒါကိုငါဘယ်လိုဖြေရှင်းမှာလဲ..."

"ငြင်းလိုက်....ငြင်းလိုက်ရင် ပြီးတဲ့ကိစ္စကိုကျနော်ကိုဘာလို့လာမေးနေတာလဲ....."

"မင်းစကားက လွယ်လိုက်တာ....သက်သေမရှိထွက်လာတဲ့သတင်းတွေမဟုတ်ဘူး ဓာတ်ပုံနဲ့တကွ တိတိကျကျထွက်လာတာကို ငါကသောက်ခွက်ပြောင်ပြီး ဗြောင်ငြင်းရမှာလား စဥ်းစားစမ်း.....!"

စားပွဲခုံကိုတချက်ပြင်းပြင်းထုကာ ပုံမှန်ဆိုJeonအား လေသံမာမာနဲ့ပင် မပြောခဲ့ဖူးပေမဲ့ ဒီနေ့တော့အလွန်ဒေါသထွက်နေတာကြောင့် လည်ပင်းကအကြောတွေထောင်လာတဲ့အထိ အော်ဟစ်လာခဲ့သည်....။

Jeonသည် ပြထားတဲ့သတင်းတွေကိုကောက်ကြည့်ကာ မဲ့ပြုံးတချက်ပြုံးပြီး ပြန်ချလိုက်သည်....။

"ဓာတ်ပုံကအစစ်ဆိုရင်တောင် ခေါင်းစဥ်တွေကတော့ရယ်စရာတွေကြီးပဲ....တပ်ချင်သလိုတပ်ထားတဲ့ခေါင်းစဥ်တွေကို မဟုတ်မမှန်ကြောင်း ငြင်းချက်ထုတ်ပြန်လိုက်လို့ရတာပဲမလား....."

The Other Side Of LoveWhere stories live. Discover now