"မေမေဘယ်လိုအင်္ကျီကိုစီစဥ်ပေးလိုက်တာလဲဗျာ....."
"ဘာBrandနေနေ ကျနော်စိတ်မဝင်စားဘူး...."
Min YoonGiရဲ့ ကော်ဖီဆိုင်ဖွင့်ပွဲညပါတီသေးသေးလေးစီစဥ်ကာ လူဆိုးတို့အုပ်စု Jeonအမေဖြစ်သူထံ အကူညီတောင်းထားသောဝတ်စုံဟာ ပွဲသွားဖို့2နာရီအတွင်းမှအိမ်ရောက်လာပြီး ရောက်လာတော့လဲ ဟာခနဲ ဟင်ခနဲ Jeonဒေါသတွေထွက်လာစေပါသည်.....။
"အဲလိုချစ်ဖို့ကောင်းတာတွေ သူ့ကိုမဆင်ပါနဲ့ ဒီအင်္ကျီဝတ်ခိုင်းပြီး ကျနော်ပါတီခေါ်သွားဖို့ဘယ်လိုစိတ်မွေးရမှာလဲ....."
အင်္ကျီစရောက်ကတည်းက အဆိုးငယ်ကိုပြသနာစရှာကာ ဟိုကအော်လွှတ်တော့ အမေဖြစ်သူဆီဖုန်းဆက်ကာJeonပေါက်ကွဲနေသည်......။
"အိမ်နေရင်းကာတွန်းဝတ်စုံနဲ့တောင် ချစ်ဖို့တအားကောင်းလွန်းလို့ ဒါမျိုးတွေဆင်ဖို့ကစိတ်ကူးထဲတောင်မတွေးရဲဘူး....."
"မေမေ့စေတနာကိုစော်ကားတာမဟုတ်ပါဘူး ဒီဝတ်စုံကလွန်လွန်းလို့ပြောနေရတာ....."
မှန်ပြတင်းပေါက်ဆီမျက်နှာမူကာ ခါးထောက်ကြီးနဲ့ပြသနာကိုပုံကြီးချဲ့နေသူကို JiMinဘယ်လိုမှနားလည်ပေးလို့မရ.....။
မဝတ်ရဘူး ဇွတ်ပိတ်ပင်ကာညနေ6နာရီအထိဘာတခုမှမပြင်ဆင်ရသေး အိပ်ယာပေါ်စိတ်ပျက်လက်ပျက်လက်ထောက်ကာဖုန်းပြောနေသူကိုစောင့်နေရသည်.....။
"သူများတွေ ချစ်စရာလေးဆိုပြီးဝိုင်းချစ်ကုန်ရင်ဘယ်လိုလုပ်မယ်မေမေရဲ့...."
"မချစ်ရဘူး ကျနော်ပဲချစ်မှာ....."
"ခုတခြားဝတ်စုံပြင်ပေးလို့ အချိန်မှီသေးတယ်မလားမေမေ......"
"မအားလို့မရဘူးလေ ကျနော်တို့ကအချိန်ကပ်နေပြီ......."
ပြောနေရင်း ဖုန်းဆက်ခနဲလုယူခံလိုက်ရတာကြောင့်Jeonကြက်သီးတွေတောင်ထသွားသည်......။
"မား ကျနော် အဆင်ပြေတယ်သူရူးလို့ပြောနေတဲ့စကားတွေနဲ့အချိန်မကုန်ပါနဲ့ ဖုန်းချလိုက်ပါပြီ ချစ်တယ်မား....."
"ကိုယ်ပြောလို့မ......!"
"ဘယ်ချိန်ပြီးမှာလဲ ဒီပြသနာ.....!!"