လော့မချထားတဲ့ရေချိုးခန်းတံခါးကိုအသာဖွင့်ကာကြည့်လိုက်သောအခါ ရေပန်းကရေ တွေသာဖွင့်ထားပြီး လူကရေချိုးကန်ဘောင်ပေါ်ကျုံ့ကျုံလေးထိုင်ကာရေတစက်မှမစိုသေးတာကြောင့်Jeonသက်ပြင်းချနိူင်သွားသည်။
တနာရီလောက်များရေချိုးနေတာဆို ဖျားသွားနိုင်တာကြောင့် တော်သေးတယ်ဟုစိတ်ထဲတွေးလိုက်နိုင်သည်။
ခြေနင်းဖွဖွလေးနင်းဝင်ကာ ဖွင့်ထားတဲ့ရေပန်းခလုတ်ကိုပိတ်တော့ ခြေဖျားလေးတွေလှုပ်စ်ိလှုပ်စိလုပ်ကာ မော့တော့မကြည့်လာ။
ကွေးနေအောင်ကျုံ့ထိုင်ထားတဲ့ခန္ဓာကိုယ်သေးသေးလေးကိူJeonအပေါ်စီးကနေသိုင်းကာပွေ့ဖက်လိုက်သည်။
"စိတ်ကောက်လို့ဝပြီလား....."
"....."
"မပူဘူးလားရေချိုးခန်းထဲတစ်နာရီကျော်ထိုင်နေရတာ....."
ဆံပင်တွေထဲလက်ငါးချောင်းလုံးထိုးဖွကာ အလွန်ချိုအီနေတဲ့အသံသေးသေးလေးတွေနဲ့Jeonမေးလဲပြန်မဖြေရုန်းလဲမရုန်းဒီတိုင်းပဲနေနေသည်။
"တောင်းပန်တယ်နော် နောက်မအော်ဘူး ကိုယ်ကတခုခုဖြစ်မှာစိုးရိမ်တာ...."
"....."
"ဘာလိုချင်လဲ ဘာစားချင်လဲ ဘာလုပ်ချင်လဲ....."
"....."
"မော့ပါအုံး ဘယ်လောက်ငိုထားလဲကြည့်ကြည့်မယ်....."
မျက်နှာလေးက်ိုဆွဲမော့ကာကြည့်တော့ လက်ကိုအသာဖယ်ကာပြန်ငုံ့သွားရှာသည်။
"စကားပြန်ပြောလေ အချစ်ဆုံးရဲ့....."
"......"
ရေချိုးကန်ဘောင်ပေါ်ကခြေချောင်းလေးတွေသာလှုပ်ခါနေပြီးမျက်လုံးလေးတွေကအစအသေ မျက်တောင်တောင်မှမခတ်နေသော မာနခဲလေး အကြောတင်းလေးသည် ထာဝရမပြောင်းလဲသောလေးပါပဲ။
"တောင်းပန်နေတာပဲကိုကွာ စိတ်မကောက်ပါနဲ့တော့ ဒီလိုနဲ့ချစ်ရချိန်ကိုမရှိဘူး....."
"မထိနဲ့...!!"
"ချော့နေတာအသားထိရမှာပေါ့....."
"မချော့နဲဲ့ သွား!!"
"တခုခုချက်ကျွေးမယ် စိတ်ကောက်ပြေ...."