🔥🥃17☕🔥

3K 281 9
                                    

Jeonရေချိုးပြီးတာနဲ့တဘတ်တထည်ပတ်ကာ
အိပ်ယာပေါ်တွင်ချထားသော နက်ပြာရောင်အနောက်တိုင်းဝတ်စုံကိုယူကာ Jeonကိုယ်နဲ့ဟပ်ကြည့်ပြီး တော်မတော်တိုင်းကြည့်နေသည်.....။

အောင်မြင်လာသော အနုပညာရှင်တယောက်Jeonသည် တနေ့ထက်တနေ့ပိုမိုခန့်ညားလာကာ အဝတ်စားအပြင်ဆင်များနဲ့ တဖြည်းဖြည်း လူကြီးလေးဖြစ်လာခဲ့သည်.....။

လက်မှတ်တချက်သည် BlackCardထဲသို့ သုညတွေအများကြီးတိုးလာတဲ့အထိ Jeonကလျှမ်းလျှမ်းတောက်အောင်မြင်လာခဲ့ပြီး အနုပညာလောကရဲ့ မျက်နှာဖုံးလှလှလေးတခုအဖြစ်သို့ရောက်လာခဲ့သည်.....။

ကြိုးစားသလောက်ပြန်ရခဲ့သော အောင်မြင်မှုတွေနောက် လူအများရဲ့ဝေဖန်ခံရမှုတွေလဲရှိလာခဲ့သည်.....ဒါကအောင်မြင်မှုရဲ့နောက်မှာကပ်တွဲပါလာတတ်တဲ့ ပြသနာတွေရဲ့သဘောသဘာဝမို့ ခေါင်းထဲအများကြီးထည့်တွေးနေဖို့မလို.....။

မုန်းတဲ့လူထက် ချစ်တဲ့လူက ပိုများပါတယ်ဆိုတဲ့အသိလေးနဲ့ သူ့အိမ်မက်တွေကို Jeonက လှလှလေးပုံဖော်ခဲ့သည်.....။

ဒီနေ့Taeမွေးနေ့ Partyသို့ တက်ရောက်ရမည်....Taeလဲ အောင်မြင်ကျော်ကြားနေတဲ့အနုပညာရှင်တယောက်ဖြစ်လို့ Jin Hyungသည် တယောက်ထဲသောနှလုံးသားလေးရဲ့ မွေးနေ့အား ကြီးကြီးကျယ်ကျယ်ကိုပြုလုပ်ပေးခဲ့သည်.....။

Hotelတွင် အနုပညာညီအကို​မောင်နှမတွေနဲ့ Jin Hyungရဲ့ စီးပွားရေးလောကအသိတွေဖိတ်ကြားထားသော မွေးနေ့ပွဲသည် တကယ့်နေ့မို့ Jeonသေသေချာချာပြင်ဆင်နေရသည်.....။

သိတဲ့အတိုင်း....အနုပညာအသိုင်းဝိုင်းရဲ့ပွဲဖြစ်တာကြောင့် မီဒီယာတွေသည် သေချာပေါက်ခြေရှုပ်ကျမှာသေချာပါသည်.....။

အောင်မြင်လာတာနဲ့အမျှ အသက်ရှူရပိုပိုခက်လာကာ ပင်ပန်းလို့မှမျက်နှာလေးမဲ့ချင်ရင်တောင် ကင်မရာတွေရှေ့ ဆွဲဆောင်မှုရှိရှိပြုံးပြရသော အတတ်ပညာတွေကိုပါအစုံတတ်မြောက်ခဲ့ရသည်.....။

ခြေသံကြားလို့လှည့်ကြည့်မိတော့ Hoodieအနက်ရောင်ပွပွကြီးနဲ့ JiMinကိုမြင်ကာ Jeonလန့်သွားသည်.....။

"တံခါးမခေါက်တတ်ဘူးလား သူများအခန်းထဲ....."

တိုင်းကြည့်နေတဲ့အင်္ကျီနဲ့ခန္ဓာကိုယ် အပေါ်ပိုင်းကိုကွယ်ကာ ယောင်္ကျားတယောက်ဆိုသော်ငြား အနေထိုင်တတ်သောJeonက မနေတတ်ခဲ့ပါ....."

The Other Side Of LoveWhere stories live. Discover now