🔥☕32🥃🔥

3.7K 355 82
                                    

"နိုးနေရင်လဲထလေ ညကလဲအစောကြီးအိပ်ပြီးတော့ အချိန်ပြည့်အိပ်ရင်ဖျားတတ်တယ်....."

"အိပ်ရေးမဝသေးဘူး အပြင်သွားရင် ငါ့ကိုမင်းCardပေးခဲ့ ငါဒီနေ့အပြင်ထွက်ချင်လို့....."

အိပ်ယာခင်းကိုကန့်လန့်ဖြတ်အိပ်ကာ မျက်လုံးမဖွင့်သေးပေမဲ့ လက်ဆန့်ကာကျနော့်ဆီမုန့်ဖိုးလှမ်းတောင်းနေသည်.....။

"Cardက ဘာလုပ်ဖို့လဲ အပြင်ကရောဘာလို့ထွက်မှာလဲ ClubတွေBarတွေသွားဖို့ငါခွင့်မပြုနိုငိဘူးနော် JiMinပြောမရရင် ငါမေမေနဲ့လှမ်းတိုင်မှာ....."

အတွင်းရှပ်အဖြူကိုကြယ်သီးတွေတပ်နေရင်း ဒီနေ့Jeonက မီဒီယာတွေနဲ့ခဏဆုံဖို့ရှိလို့ထင်တယ် ခပ်ငြိမ်ငြိမ်Vibeမျိုးရနေသည်.....။

"စကားများလိုက်တာ ပေးဆိုပေးခဲ့ပေါ့အိပ်ချင်ပါတယ်ဆို...."

"မုန့်ဖိုးပဲရမယ် Cardတော့မပေးန်ိူင်ဘူး ဖဲရိုက်ပစ်တာတွေ လောင်းကစားတွေဘာမှမလုပ်ရတော့ဘူး မင်းကအိမ်ထောင်သည်...."

"ငါဒီလိူတွေလုပ်တာလက်မခံနိုင်ရင် လက်မထပ်သင့်ခဲ့ဘူး ငါ့ဘက်ကတော့မလျှော့ဘူး...."

"စာမေးပွဲလွတ်သွားပြီမင်း ကျောင်းတက်ဖို့ကဘယ်လိုစီစဥ်မလဲ လောင်းကစားထက် ပညာရေးကိုနည်းနည်းအာရုံစိုက်ကြည့်ပါလား ဘွဲ့တခုတော့ရအောင်ယူသင့်တယ်....."

"ယောင်္ကျားရပြီပဲ ဘွဲ့ဆိုတာပကာသနတွေ မလိုဘူး....."

"ကိုယ်ပိုင်ဘဝဆိုတာလဲရှိမှ လူဆိုးရဲ့ ပျော်စရာမရှိရင် မင်းအမြဲလေပေနေရလိမ့်မယ်...."

"ကိုယ်ပိုင်ဘဝကနောက်မှ ခုပိုက်ဆံမရှိလို့ငါတော်တော်လွင့်နေပြီ ပေးခဲ့....!"

အိပ်ယာပေါ်မျက်လုံးမပွင့်ပဲထထိုင်ကာ လက်နှစ်ဖက်လုံးဖြန့်ကာတောင်းနေတော့လဲသနားစရာ....သနားပေမဲ့လဲ မပေးပါဘူး။

"ငါအရေးကြီးကိစ္စရှိလို့သွားမှရတော့မယ် အိမ်စောင့်နေခဲ့ပါပြန်လာရင်မုန့်တွေအများကြီးဝယ်ခဲ့မယ်....."

ထလာရင်ဒါအန္တရာယ်ပဲ JeonကNecktieကိုပင်မတပ်ရသေး ကားသော့နဲ့ပိုက်ဆံအိတ်ကောက်ကာပြေးဖို့လုပ်တုန်း သိပ်ပါးသူလူလည်လေးက အရှေ့ကနေကားကားကြီးရပ်ကာ တားနေသည်ကိုJeonပစ္စည်းတွေကောက်ပြီးပြန်လှည့်လာချိန်တွေ့လိုက်ရတာကြောင့် လန့်ဖြတ်သွားသည်.....။

The Other Side Of LoveWhere stories live. Discover now